“ဝေးဝေးကြည့် ၊ ကျယ်ကျယ်မြင် ၊ ဘက်ပေါင်းစုံစဉ်းစား ကာကွယ်ရေးစွမ်းပကား”


ဆောင်းပါး/ ဇော်မင်းထွန်း(ရေနံချောင်း) ၊ မင်းသီဟ

          " အခိုင်မာဆုံးသော ပြည်ထောင်စုတွေ

             ကမ္ဘာအရပ်ရပ်မှာ ပြိုကွဲလျက်ရှိကြသည်

             ဒီအဖြစ်ဆိုးမျိုး…… မကြုံချင်ဘူးလေ… "

ကျွန်တော်တို့ငယ်စဉ်က မြဝတီရုပ်မြင်သံကြားစတင်တည်ထောင်ချိန်မှသည် ယနေ အချိန်တိုင်အောင် နားရည်ဝနေသော အဆိုတော် ခင်မောင်ထူး၏ သီချင်းလေးကို စိန်ရတုတပ်မတော်နေ့နီးလာသည်နှင့် ယခင်ကထက်ပိုမိုကြားလာရသည်။ အဆိုပါ သီချင်းလေးသည် နားထောင်လို့ကောင်းသည့်အပြင် အနှစ်သာရမျိုးစုံပါဝင်မှုကြောင့် ခေတ်အဆက်ဆက်မရိုးနိုင်ခဲ့သော အမျိုးသားရေးတေးတစ်ပုဒ်ဖြစ်ခဲ့ပါသည်။ သီချင်း နားထောင်မိစဉ် စာသားအဓိပ္ပာယ်အားလိုက်ပါတွေးတောနေချိန်နှင့် တစ်ပြိုင်နက် တည်း မှာပင် "နိုင်ငံတော်ကာကွယ်ရေးဆိုရာတွင် လက်နက်အင်အားနှင့်ကျူးကျော် တိုက်ခိုက် သည့် စစ်ရေးနည်းလမ်းသာမက နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး စသည့်နည်းလမ်းပေါင်းစုံနှင့် Multi Dimensional Warfare အသွင်ဆောင်သည့် ထိုးနှက်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတွင် စစ်ရေး (သို့မဟုတ်) တပ်မတော်၏ကဏ္ဍသည် နောက် ဆုံးခံစစ်စည်းလည်းဖြစ်သည့်အတွက် ကာကွယ်ရေးကဏ္ဍကို အမြင်ကျယ်ပြန့်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း " တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်သင်တန်း အမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲတွင်ပြောကြားခဲ့သည့်မိန့်ခွန်းအား မြဝတီသတင်းစာတွင်ဖတ်လိုက် ရသည့်အခါ နိုင်ငံတော်ကာကွယ်ရေးဟူသည် စစ်ရေး ကိစ္စတစ်ခုတည်းသာမဟုတ် အရေးအရာအားလုံးနှင့်ဆက်စပ်မှုရှိသဖြင့်" ဝေးဝေးကြည့်၊ ကျယ်ကျယ်မြင်၊ ဘက် ပေါင်းစုံစဉ်းစား" နိုင်မှသာ ခေတ်သစ်နိုင်ငံတကာရေးရာ၌ ဝင်ဆံ့နိုင်မည်ဖြစ် ကြောင်းတွေးမြင်မိပါသည်။

ယနေ့နိုင်ငံတကာပြဿနာများတွင် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သံတမန်ရေး၊ လူမျိုးရေး၊ ဘာသာရေး စသောပြဿနာပေါင်းစုံရှုပ်ထွေးပါဝင်နေသဖြင့် စစ်ရေးနည်း လမ်း သက်သက်ဖြင့်ဖြေရှင်း၍မရတော့ကြောင်း တွေ့ရှိနေရသည်။ သို့အတွက် " စစ် ဟူသည် တစ်ဖက်ရန်သူအား မိမိအလိုကျလုပ်ဆောင်လာအောင် လက်နက်ကိုင်တပ် များအား အသုံးပြုခြင်း " ဟူသော အယူအဆအစား " စစ်ဟူသည် တစ်ဖက် ရန်သူအား မိမိအလိုကျ လိုက်နာလုပ်ဆောင်လာအောင် လက်နက်ကိုင်တပ်ဖွဲ့များ၊ လက်နက်မကိုင်သောတပ်ဖွဲ့များ၊ စစ်ဘက်နှင့်စစ်ဘက်မဟုတ်သောအဖွဲ့အစည်းများ၊ အန္တရာယ်ပေးနိုင်သောနည်းလမ်းနှင့် အန္တရာယ်မပေးနိုင်သောနည်းလမ်း စသည်ဖြင့် နည်းလမ်းမျိုးစုံကိုအသုံးပြုခြင်း" ဟူသော အချက်ကို အသိအမှတ်ပြုကြရတော့မည် ဖြစ်သည်။ စစ်ပွဲမဟုတ်သော စစ်ဆင်နွှဲရာတွင် အသုံးပြုသောနည်းလမ်း အချို့အနေ ဖြင့် တစ်ဖက်ရန်သူကို အခြေယိုင်စေရန်အတွက် ကောလာဟလများထုတ်လွှင့်ကာ ၎င်း၏ စိတ်ဓာတ်ကိုဖြိုလဲသည့် စိတ်ဓာတ်စစ်ဆင်ရေးနည်း၊ ဈေးကွက်များကို ကမောက်ကမဖြစ်စေကာ စီးပွားရေးကိုဖျက်ဆီးသည့် စီးပွားရေး စစ်ဆင်ရေးနည်း၊ လူထုနေ့စဉ်မြင်နေကြားနေရသည်များကို မိမိလိုရာဆွဲ ဖန်တီးပြောင်းလဲ ဖော်ပြပေး ခြင်းဖြင့် လူထု၏အမြင်ကိုချုပ်ကိုင်သည့် မီဒီယာစစ်ဆင်ရေးနည်း၊ ကွန်ပျူတာ ကွန် ရက်များ ၏နောက်ကွယ်မှပုန်းလျှိုး၍ တစ်ဖက်ရန်သူကို ထိုးဖောက်တိုက်ခိုက်သည့် ကွန်ပျူတာကွန်ရက်စစ်ဆင်ရေးနည်း၊ မိမိအလိုကျ စံချိန်စံနှုန်းများသတ်မှတ်ခြင်း ဖြင့် စက်မှုနည်းပညာကိုလက်ဝါးကြီးအုပ်သည့် နည်းပညာစစ်ဆင်ရေးနည်း (Technological Warfare) ၊ ရန်သူ့မျက်စိတွင် မိမိ၏အမှန်တကယ်အင်အားကို ထင်ယောင်ထင်မှား ဖြစ်အောင် အတုအယောင်များဖန်တီးသည့် အတုအယောင် စစ်ဆင်ရေးနည်း(Fabrication Warfare) ၊ သယံဇာတများကို လက်ဝါးကြီးအုပ် ချုပ် ကိုင်ထားသည့် သယံဇာတစစ်ဆင်ရေးနည်း (Resource Warfare)၊ စီးပွားရေးအကူ အညီကို ပြောင်ပြောင်တင်းတင်းကူညီပေးကမ်း သော်လည်း နောက်ကွယ်မှလျှို့ဝှက် သဘောတူညီချက်များဖြင့် အကျပ်ကိုင်ထားသည့် စီးပွားရေးအကူအညီစစ်ဆင်ရေး နည်း (Economic Aid Warfare)၊ ယဉ်ကျေးမှုဆိုင်ရာတွင် ဦးဆောင်ကဏ္ဍမှရှိနေစေ ရန်ကြိုးပမ်းခြင်းဖြင့် သဘောထားမတူညီသူများကိုလွှမ်းမိုးရန် ကြိုးပမ်းသည့် ယဉ် ကျေးမှုစစ်ဆင်ရေးနည်း (Culture Warfare)၊ အခွင့်ကြုံသည်နှင့် မိမိအတွက်အခွင့် သာအကျိုးရှိစေမည့် နိုင်ငံတကာဉပဒေများပြဋ္ဌာန်းသည့် နိုင်ငံတကာ ဉပဒေအား ဖြင့်စစ်ဆင်ခြင်းနည်း (International Law Warfare) တို့ဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါသည်။ ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထက်ပါ စကားရပ်ကို အဓိပ္ပာယ်ရှိစွာအမှာစကားပြောကြားခဲ့ကြောင်း လေ့လာမိခဲ့သည်။

"နိုင်ငံတကာဆက်ဆံရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရရန်သူဟူ၍မရှိ၊ ထာဝရ အကျိုးစီးပွားသာရှိသည်" ဟုဆိုသော ဗြိတိသျှနိုင်ငံရေးသိပ္ပံပညာရှင် လော့ဒ်ပါလ် မီစတန်၏ ဆိုရိုးစကားသည် ယနေ့ထိအောင်မှန်ကန်လျက်ရှိသည်။ မိမိထက်အဆ မတန်သာလွန်သည့် အင်အားကြီးနိုင်ငံတစ်ခုနှင့် နယ်နိမိတ်ချင်းထိစပ်နေရသော နိုင်ငံငယ်တစ်ခုအတွက် ထိုအင်အားကြီးနိုင်ငံသည် ခင်မင်ရင်းနှီးချစ်ကြည်သည့် ဆက်ဆံရေးထူထောင်နိုင်လျှင် မိမိအတွက်အထောက်အကူများစွာရရှိနိုင်ပြီးဆက်ဆံ ရေးမပြေလည်ပါက ကြီးမားသော ခြိမ်းခြောက်မှုဖြစ်လာခဲ့သည်ကို ရုရှားနှင့် ယူကရိန်းနိုင်ငံတို့၏ လက်ရှိအခြေအနေက ဥပမာပြနေပါသည်။ နိုင်ငံတကာဆက်ဆံ ရေးနှင့်ကာကွယ်ရေးဆက်စပ်နေမှုကို အဆိုပါ သင်တန်းဆင်းအမှာစကားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က " ယနေ့ခေတ် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံ အသီးသီးသည် မိမိနိုင်ငံ၏အမျိုးသားအကျိုးစီးပွားဖော်ဆောင် ရာတွင် ကမ္ဘာ့နိုင်ငံ များ၊ အဖွဲ့အစည်းများ စသည့် ကမ္ဘာ့မိသားစုအသိုင်းအဝိုင်းနှင့် ယခင် ကထက် ပိုမိုထိတွေ့ဆက်ဆံလာသောကြောင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်သည် ကျယ် ဝန်းလာပြီး လုံခြုံရေးနှင့်စစ်ရေးကိစ္စများပါဝင်သည့် ကာကွယ်ရေးကဏ္ဍသည် လည်း ပိုမိုအရေးပါလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာ့ဖြစ်ရပ်များအရ ကာကွယ်ရေး စွမ်းပကားမြင့်မားမှုအရေးပါလာသည်ကို တွေ့ရကြောင်း၊ မျက်မှောက် ကာလ ကမ္ဘာ့ နိုင်ငံရေးဖြစ်စဉ်များကိုလေ့လာကြည့်မည်ဆိုပါက အင်အားကြီးနိုင်ငံ များ၏ အားပြိုင်မှုများ၊ အင်အားငယ်နိုင်ငံများအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုများ၊ ပိုင်နက်နယ်မြေ အငြင်းပွားမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှု များ၊ ပြည်တွင်းရေး မငြိမ်မသက်မှုများသည် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွား လျက်ရှိနေကြောင်း၊ ယင်းပြဿနာ များကိုရင်ဆိုင်ဖြေရှင်းရာတွင် အချို့ဒေသများ၌ မိမိနိုင်ငံ၏ပြည်တွင်းရေးပဋိပက္ခများမှ ဒေသတွင်းပဋိပက္ခအခြေအနေများဖြစ်ပေါ် လာသည်ကို တွေ့မြင်ရကြောင်း၊ ကမ္ဘာ့နိုင်ငံ အများစုသည် နိုင်ငံအလိုက်အင်အား စုရရှိရေး ဒေသဆိုင်ရာအဖွဲ့အစည်းများဖွဲ့စည်း၍ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည့်ကဏ္ဍများတွင် အဖွဲ့အစည်းအလိုက် ပူးပေါင်း ဆောင်ရွက်လာကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း " ပြောကြားခဲ့သည်ကို ဖတ်ရှုမှတ်သားလိုက်ရသည်။

ယေးတက္ကသိုလ်၏ နိုင်ငံတကာဆက်ဆံရေးပညာပါမောက္ခ စပိုက်မင် က ပထဝီဝင် အချက်အလက်များကိုအခြေခံ၍ နိုင်ငံတစ်ခု၏လုံခြုံရေးဝါဒအတွက် စီမံကိန်း ရေး ဆွဲခြင်းကို ပထဝီနိုင်ငံရေးဟုအဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ နိုင်ငံ တစ်ခုအားကာကွယ်ရာတွင် ပထဝီနိုင်ငံရေးအပေါ်မူတည်၍လည်း ကာကွယ်ရေး ကဏ္ဍကို ဆက်စပ်စဉ်းစားရမည်ဖြစ်သည်။ ပထဝီနိုင်ငံရေးနှင့် ကာကွယ်ရေး ဆက် စပ်နေသည်ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က "ယနေ့တစ်ကမ္ဘာလုံးက အာရုံစိုက်မှု ပိုမိုများပြားလာသည့် အင်ဒို-ပစိဖိတ်ဒေသနှင့်ပတ်သက်၍ အဆိုပါဒေသ သည် ကမ္ဘာ့ စစ်အင်အားကြီးနိုင်ငံများ၊ စီးပွားရေးအင်အားကြီးနိုင်ငံများ၊ ဒီမိုကရေစီ ထွန်းကားသည့် နိုင်ငံများနှင့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား စသောလူဦးရေ များပြားသည့် နိုင်ငံများတည်ရှိနေသောကြောင့် ယနေ့နိုင်ငံတကာ ရေးရာတွင် အာရုံစိုက် အခံရဆုံးနှင့် အရေးပါဆုံးဒေသအဖြစ်ရောက်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ အာရှ-ပစိဖိတ်ဒေသကို အင်ဒို-ပစိဖိတ်ဒေသအဖြစ် ကျယ်ပြန့်စွာသတ်မှတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံ များ၏ ပထဝီနိုင်ငံရေးနှင့်စစ်ရေးအား ပြိုင်ရာနေရာအဖြစ် ပြောင်းလဲလာသည်ကိုပါ တွေ့ရှိ ရမည်ဖြစ်ကြောင်း၊ အင်ဒို-ပစိဖိတ်ဒေသတွင် မိမိနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများသည် ပထဝီအနေအထား အရ အရေးပါပြီး အဓိကကျသည့်ဒေသဖြစ်နေသည်ကို တွေ့ရှိရ ကြောင်း၊ မိမိတို့ နိုင်ငံသည် အာဆီယံနှင့်တောင်အာရှဒေသကြား ပေါင်းကူးပေးနိုင်သော နေရာတွင် တည်ရှိသည့်အပြင် ပထဝီအနေအထားအရ မဟာဗျူဟာအချက်အချာကျသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း " ပြောကြားခဲ့သည်ကို ဖတ်ရှုရပါသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် တပ်မတော်(သို့မဟုတ်)လက်နက်ကိုင်ကာကွယ်ရေး တပ်ဖွဲ့မရှိသောနိုင်ငံဟူ၍မရှိပေ။ " တံခွန်မရှိသောဘုရား၊ အလံမရှိသောရထား " တို့ မတင့်တယ်သည့်နည်းတူ တပ်မတော်တစ်ရပ်မရှိသောနိုင်ငံသည်လည်း ကမ္ဘာ့ အလယ်တွင် မတင့်တယ်နိုင်ပေ။ ထို့အပြင် ရှိပြီးသောတပ်မတော်ကိုလည်း အင်အား တောင့်တင်း ခိုင်မာအောင်တည်ဆောက်ကြရသည်။ အင်အားကို ခွန်အား၊ စွမ်းအင်၊ ခိုင်ခံ့များပြားသော အစုအဝေးဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ နိုင်ငံတစ်ခု၌ ရိုသေခန့် ညားလောက်သော စစ်အင်အား (ကာကွယ်ရေးအင်အား)မရှိဘဲ ခိုင်မာသော ကာ ကွယ်ရေးနှင့် လုံခြုံရေး အာမခံချက်ရှိလာမည်မဟုတ်ပေ။ ကာကွယ်ရေးနှင့်လုံခြုံရေး အာမခံချက်ကင်းမဲ့နေသော နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးသည်လည်း ခိုင်မြဲလိမ့် မည်မဟုတ်ပေ။ နိုင်ငံတစ်ခု၌ တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့သော် တိုးတက်ခေတ်မီ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို စိတ်ကူးမျှပင်ယဉ်နိုင် မည်မဟုတ် သည်မှာထင်ရှားလှသည်။ ထို့ကြောင့် နိုင်ငံတိုင်းသည် ၎င်းတို့၏ စစ်အင်အား၊ ကာ ကွယ်ရေးအင်အားနှင့် လုံခြုံရေးအင်အား တို့ကို နည်းလမ်းပေါင်းစုံဖြင့် တိုးတက်မှုရှိ အောင်လုပ်ဆောင်နေကြသည်မှာ လက်တွေ့ ကျသော နိုင်ငံတော်တည်ဆောက်မှုကို ဆောင်ရွက်နေခြင်းသာဖြစ်သည်ဟု ဆိုချင်ပါသည်။ စစ်အေးတိုက်ပွဲအပြီးတွင် ရုတ်တရက်ကမ္ဘာပေါ်တွင် စစ်အသုံးစရိတ်များလျော့ကျလာခဲ့ သော်လည်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ပြန်လည်မြင့်တက်လာခဲ့သည်။ ၂၀၀၇ ခုနှစ်၌ ကမ္ဘာ့စစ် အသုံးစရိတ်မှာ စစ်အေးတိုက်ပွဲမတိုင်မီကာလအတိုင်းပြန်ဖြစ်သွားပြီး ၂၀၀၉ ခုနှစ် မှစ၍ လက်ရှိအခြေအနေ၌မူ စစ်အေးတိုက်ပွဲကာလထက်ပင် ပိုမိုမြင့်တက်လျက်ရှိ ကြောင်းတွေ့ရှိရပါသည်။ ပို၍ထူးခြားသည်မှာ မြန်မာနိုင်ငံသည် ကမ္ဘာ့စစ် အသုံး စရိတ် အဆင့် ၂ နှင့် အဆင့် ၄ ရှိသော တရုတ်နှင့်အိန္ဒိယတို့အကြား တည်ရှိနေခြင်း ပင်ဖြစ် ပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် မိမိတို့နိုင်ငံတော်နှင့်အချုပ်အခြာအာဏာကို ကာကွယ် စောင့်ရှောက်ရန်အတွက် တပ်မတော်အသီးသီးကိုဖွဲ့စည်းတည်ထောင်ထားပြီး မိမိ တို့တပ်မတော်များကိုလည်း အနည်းဆုံးအဆင့် ဒေသတွင်းအခြားတပ်မတော်များ နှင့် တန်းတူ ရည်တူဖြစ်စေရေးအတွက် တပ်မတော်တည်ဆောက်ရေးလုပ်ငန်းစဉ် များ (Army Building Process)ကို စဉ်ဆက်မပြတ်ကြိုးပမ်း အားထုတ်လျက်ရှိပါ သည်။ တိုင်းပြည်၏ ဥစ္စာဓန အင်အား၊ လူအင်အား၊ သမိုင်းကြောင်းဆိုင်ရာများ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာများ၊ ပြောင်းလဲလာသော ပထဝီနိုင်ငံရေးအခြေအနေ တို့ကို မျက်ခြည်မပြတ်လေ့လာ၍ မိမိ တိုင်းပြည်နှင့်ကိုက်ညီသော ကာကွယ်ရေး မဟာဗျူဟာများ၊ နည်းဗျူဟာများကိုလည်း ချမှတ်ကျင့်သုံးရလေ့ရှိပါသည်။ ကျွန်ုပ် တို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ကာကွယ်ရေးမဟာဗျူဟာမှာ ပြည်သူ့ စစ်မဟာဗျူဟာဖြစ်ပါသည်။ ပြည်သူ့စစ်မဟာဗျူဟာ ဆိုသည်မှာ တပ်မတော် (ကြည်း၊ ရေ၊ လေ)ကိုမဏ္ဍိုင်ပြု၍ ပြည်သူတစ်ရပ်လုံးပါဝင်သော ပြည်သူ့စစ်မဟာ ဗျူဟာကိုကျင့်သုံးလျက် နိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက် များအတွင်း ကျူးကျော်ဝင်ရောက်တိုက်ခိုက်လာမည့် ပြည်ပရန်သူများအား ဟန့်တား ထိန်းချုပ် တွန်းလှန်ချေမှုန်းရေးပင်ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကာကွယ်ရေးစက္ကူဖြူစာတမ်း(၂၀၁၅)ဖြင့် အမျိုးသားကာကွယ်ရေးမူဝါဒ ၆ ချက် ချမှတ် ထားပြီး ကာကွယ်ရေးရည်မှန်းချက်တာဝန် ၅ ခုချမှတ်ထားသည်ကို လေ့လာ မှတ်သားရပါသည်။ ကာကွယ်ရေးရည်မှန်းချက်တာဝန် ၅ ခုအနက် စတုတ္ထအချက် တွင် "အနာဂတ် နိုင်ငံတော်၏အမျိုးသားရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင် ထမ်းဆောင်နိုင်ရန် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့်အုပ်ချုပ်ရေးအမြင်ရှိပြီး စွမ်းရည် သုံးရပ်ထက်မြက်ပြည့်စုံသည့် ကာကွယ်ရေးအင်အားစုကြီးတစ်ရပ် လေ့ကျင့်ပျိုး ထောင်သွားရန်" ဟုပါရှိကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့်လည်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ ကလေး၊ တီးတိန်၊ ဟားခါး၊ ဖလမ်းနှင့်ဟုမ္မလင်းတပ်နယ် ခရီးစဉ်၌ " တပ်နှင့် ပြည်သူတစ်သားတည်းဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန်နှင့် ပြည်သူက အားကိုးရ သော၊ တိုင်းပြည်ကအားထားရသော စွမ်းရည်သုံးရပ်နှင့်ပြည့်စုံသည့် တပ်မတော် ဖြစ်အောင် အမြဲကြိုးစားဆောင်ရွက်နေရမည်ဖြစ်ကြောင်း " ပြောကြားခဲ့ခြင်းဖြစ် သည်။

ယနေ့ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံကမှ ၎င်းတို့၏စစ်အင်အားကို သိသိသာသာ လျှော့ချပစ်ခြင်း၊ နိုင်ငံသူ၊ နိုင်ငံသားတို့ကလည်းလျှော့ချပစ်ရန် တင်းတင်းကျပ်ကျပ် တောင်းဆိုခြင်း မပြုလုပ်ခဲ့ကြပါ။ လူအင်အား၊ အရေအတွက်အင်အားကိုသာလျှင် လျှော့ချမည်ဖြစ်ပြီး စွမ်းဆောင်နိုင်ရည်၊ အရည်အချင်းအင်အားကိုမူ အမြဲထက်မြက် နေအောင်ပြုလုပ်နေကြသည်မှာ ကြုံတွေ့နေသောအရှိတရားပင်ဖြစ်သည်။ နိုင်ငံ တစ်ခု၏ စစ်ရေးအင်အားသည် နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာဆိုင် ရာ သိသာ ထင်ရှားသော ပြယုဂ်တစ်ခုအဖြစ်ရှိနေဆဲဖြစ်သည်။ စင်စစ်စစ်ရေးအင် အားဟူသည် စစ်တိုက်ရန်သက်သက်မဟုတ်ဘဲ ဟန့်တားနိုင်မှုစွမ်းရည် (Deterr -ance Power )အတွက် လည်းဖြစ်သည်။  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၌ ရိုသေခန့် ညားလောက်သော စစ်အင်အား သည် အခြေခံလိုအပ်ချက်တစ်ခုအဖြစ်ပါဝင် လျက်ရှိ ပြီး အင်အားတောင့်တင်းသော၊ ခေတ်မီသော၊ စွမ်းရည်ထက်မြက်သော တပ်မတော် တစ်ရပ်သည် ပြည်တွင်း/ပြည်ပ ရန်များကိုကာကွယ်ပေးမည့် အဖွဲ့အစည်းဖြစ်သည်။ အရည်အချင်းပြည့်ဝနေသည့် စစ်အင်အားရှိသောနိုင်ငံတော်ကို မည်သူကမှလွယ် လွယ်ကူကူနှင့် အန္တရာယ်ပြုဖို့ စဉ်းစားမည်မဟုတ်ပေ။ ရန်ဘက်ကယှဉ်ပြိုင်ရန် နောက်တွန့်သွားခြင်းသည် ဟန့်တားနိုင်မှုစွမ်းရည် (Deterrance Power )ပင် ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် နိုင်ငံတော်ကာကွယ်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တို့သည် ဒင်္ဂါးတစ်ခု၏ခေါင်းနှင့်ပန်းပမာ ခွဲခြားမရ အမြဲဒွန်တွဲလျက်ရှိနေမည် သာ ဖြစ်ပါသည်။ လေးစားလောက်သောကာကွယ်ရေးနှင့်လုံခြုံရေး ရေခံ၊ မြေခံမရှိပါဘဲ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်တို့ ဖြစ်ပေါ်လာနိုင်မည်မဟုတ်ပေ။ တပ်မတော်အနေဖြင့် လေးစားခန့်ညားလောက်သော ကာကွယ်ရေးစွမ်းအားစု အဖြစ်ရပ်တည်လျက် နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သည့် " တည်ငြိမ်အေး ချမ်းရေးစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး " တို့ကိုဆောင်ရွက် လျက်ရှိသည်။ ခေတ်မီတပ်မတော်ဖြစ်စေရေးအတွက် သမားရိုးကျစစ်ပွဲများကို အဆင့်မီဆင်နွှဲနိုင်စွမ်းရှိသော ခေတ်မီတပ်မတော် (Standard Army)အဖြစ်တည် ဆောက်လျက်ရှိသည်။ " ပြည်သူကအားကိုးရသော၊ နိုင်ငံတော်က အားထားရသော " တပ်မတော်ဖြစ်စေရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ တပ်မတော်၏ ထိုသို့ဆောင်ရွက်ချက်များသည် မြန်မာ့အင်အားနှင့်မြန်မာတို့၏ အမျိုးသားရေးဂုဏ်သိက္ခာတို့ကို တည်ဆောက်နေခြင်းဖြစ်ကြောင်း " ဝေးဝေးကြည့်၊ ကျယ်ကျယ်မြင်၊ ဘက်ပေါင်းစုံစဉ်းစား " က တွေ့ရှိနိုင်ပါမည်ဟု ရေးသားလိုက်ရ ပါသည်။ 

“ဝေးဝေးကြည့် ၊ ကျယ်ကျယ်မြင် ၊ ဘက်ပေါင်းစုံစဉ်းစား ကာကွယ်ရေးစွမ်းပကား” “ဝေးဝေးကြည့် ၊ ကျယ်ကျယ်မြင် ၊ ဘက်ပေါင်းစုံစဉ်းစား ကာကွယ်ရေးစွမ်းပကား” Reviewed by Admin on 09:13 Rating: 5
Powered by Blogger.