''နိုင်ငံ့စီးပွားရေး၊ အူမတောင့်ခြင်းနှင့် သီလစောင့်ခြင်း''


ဆောင်းပါး/ ဇော်မင်းထွန်း(ရေနံချောင်း)၊ မင်းသီဟ

အူမတောင့်မှ သီလစောင့်နိုင်မည် ” ဆိုသည့် မြန်မာစကားပုံကို အားလုံး ကြားဖူးကြမည်ဖြစ်သည်။ ထိုမြန်မာစကားပုံသည် သာမန်ကြည့်ပါက စား ရေးတစ်ခုတည်းကိုသာ အသားပေးထားသည်ဟု ယူဆရမည် ဖြစ်သော် လည်း အဓိပ္ပာယ်ချဲ့ကြည့်ပါက စားဝတ်နေရေးသုံးပါးပြည့်စုံပါမှ အကျင့် သီလကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ မိသားစု တစ်စု၏ အခြေခံ လိုအပ်ချက်မှာ စားဝတ်နေရေးပင်ဖြစ်သလို နိုင်ငံတစ် နိုင်ငံ၏ အခြေခံ လိုအပ်ချက်မှာ စီးပွားရေးဖွံဖြိုးတိုးတက်ရန်ပင် ဖြစ်သည်။ နိုင်ငံ့စီးပွားရေး ကောင်းမှ ဖွံ့ဖြိုးတိုးတက်မည်။ ဖွံ့ဖြိုးတိုးတက်မှ စား၊ ဝတ် နေရေးအပါအဝင် လူမှုစီးပွားဘဝမြင့်တက်မည်။ လူမှုစီးပွား ဘဝ မြင့် တက်မှ မိမိကိုယ်ကို၊ မိမိအဖွဲ့အစည်းကို၊ မိမိနိုင်ငံကို တန်ဖိုးထားတတ် မည်။ တန်ဖိုးထားတတ်မှ ကျင့်ဝတ်သီလစောင့်စည်းမှုမြင့်တက်လာမည်မှာ ပကတိအဆက်အစပ်ပင်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ၎င်းနိုင်ငံတွင် ချမှတ်ကျင့်သုံး သောမူဝါဒများအပေါ်တွင် များစွာမူတည်နေသည်။ နိုင်ငံတိုင်းသည် မိမိ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို လိုသလို ပြင်ဆင်ချမှတ်ကြရသည်။ ကမ္ဘာ့နိုင်ငံအသီးသီးသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ဦးတည်ဆောင်ရွက်လျက်ရှိရာတွင် စီးပွားရေး စနစ်အမျိုးမျိုးကို ကျင့်သုံးလျက်ရှိကြောင်းတွေ့ရှိရသည်။ စီးပွားရေး ဆိုင်ရာ သီအိုရီသဘော တရားအရလည်းကောင်း၊ ကမ္ဘာ့နိုင်ငံများနှင့် မိမိ နိုင်ငံ၏ လက်တွေ့ကျင့်သုံးမှု ဆိုင်ရာ အတွေ့အကြုံ သင်ခန်းစာများအရ လည်းကောင်း တိုင်းပြည်ဖွံ့ဖြိုးမှုသည် နိုင်ငံတစ်ခုလုံး၏ စီးပွားရေး မူဝါဒ များ၊ ဘဏ္ဍာရေးနှင့်ငွေကြေးဆိုင်ရာမူဝါဒများ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆိုင် ရာမူဝါဒများ၊ ကုန်သွယ်မှုဆိုင်ရာ မူဝါဒများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများ စသည်တို့ကို မှန်ကန်စွာ ချမှတ်ဆောင်ရွက်နိုင် ရန်လိုအပ်သည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးကဏ္ဍတစ်ခုကိုသာ အခြေပြု စဉ်း စားမည့်အစားဘက်စုံ၊ ထောင့်စုံမှ ကျယ်ပြန့်စွာဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် အမှန်တကယ်အလုပ်ဖြစ်နိုင်သည့် နိုင်ငံအတွင်းရှိ ကြွယ်ဝသော သဘာဝစွမ်းအားများကိုအခြေခံ၍ မိမိပြည်သူများ၏ ပြောင်းလဲမှုနှင့် စီမံခန့်ခွဲနိုင်မှု၊ သင့်တင့်သည့်အရွယ်အစားရှိ​သော ပြည်တွင်းစျေးကွက် အနေအထား၊ အလား အလာရှိသော ဒေသတွင်းနိုင်ငံများ၏ စျေးကွက် အနေအထား စသည့် အကြောင်းတရားများအပေါ်အခြေခံပြီး ကဏ္ဍစုံဟန် ချက်ညီ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးဖွံ့ဖြိုးမှုအရေးပါပုံကို နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က  နိုင်ငံတစ်ခုတွင် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေး မောင်နှင်အားဟူ၍ မောင်းနှင်အားသုံးခုရှိပြီး နိုင်ငံရေး မောင်းနှင်အားနှင့် စီးပွား ရေးမောင်းနှင်အားတွင် စီးပွားရေးမောင်းနှင် အားက ပို၍အရေးပါကြောင်း၊ စီးပွားရေးမောင်းနှင်အားက ကောင်းမွန်မှသာလျှင် ပြည်သူ့ အကျိုး စီးပွား၊ နိုင်ငံ့အကျိုးစီးပွားတိုးတက်မည်ဖြစ်ပြီး နိုင်ငံသာယာဝပြောမှုကို ဖြစ်စေသဖြင့် နိုင်ငံတည်ငြိမ်မှုကို များစွာအထောက် အကူပြုသောကြောင့် စီးပွားရေးမောင်းနှင်အားကောင်းအောင် လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း၊ အူမတောင့်မှသီလစောင့်နိုင်သည်ဆိုသည့် မြန်မာ စကားပုံရှိသည်ကိုမမေ့ရန် လိုကြောင်း  အမှာစကား ပြောကြားခဲ့သည်။

စီးပွားရေးတိုးတက်မှု(Economic Growth)ဟူသည် တစ်ဦးကျဝင်ငွေ (Per Capita Income) တိုးတက်လာခြင်း သို့မဟုတ် တစ်ဦးကျထုတ်ကုန် (Per Capita Product) တိုးတက်လာခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံ တစ်နိုင်ငံ၏ထုတ်လုပ်မှု (National Product) သို့မဟုတ် ကုန်စည်နှင့် ဝန်ဆောင်မှုတိုးတက်လာခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ ဖွံ့ဖြိုးမှု၏ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ နယ်ပယ်ကျယ်ဝန်းသည်။ ရှားပါးသောကုန်ထုတ် အင်အားစုနှင့် စဉ်ဆက်မပြတ်တိုးတက်မှုတို့အတွက် ထိရောက်သော ခွဲဝေမှုတို့နှင့် သက်ဆိုင် နေသည့်အပြင် စီးပွားရေး၊ နိုင်ငံရေး၊ အများပိုင် နှင့်တစ်ဦးတည်းပိုင်၊ ဖွဲ့စည်းပုံနှင့် ဆိုင်သော လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်နေသည်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု (Economic Development)ဆိုသည်မှာ စီးပွားရေးတိုးတက်မှုနှင့် အတူ စီးပွားရေး အဆောက်အအုံ (Economic Structure) ပြောင်းလဲမှု၊ ကုန်ထွက်ဖြန့်ဖြူးမှု (Output Distribution) ပြောင်းလဲမှုတို့ကိုပါ ရည်ညွှန်းခြင်း ဖြစ်သည်။ ဖွံ့ဖြိုးမှု၏အသီးအပွင့်များကို ညီမျှစွာခွဲဝေမှု၊ တရားမျှတမှု၊ ရွေးချယ် ပိုင်ခွင့်ရှိမှု၊ လူသားဘဝပီပြင်မှုတို့ရှိမှသာ ခေတ်သစ်ဖွံ့ဖြိုးမှုအဓိပ္ပာယ် ဖြစ် ကြောင်းဖော်ပြကြသည်ကို လေ့လာတွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် တိုင်းရင်းသား ပြည် သူတစ်ရပ်လုံးအတွက် အရေးပါသည့် စီးပွားရေးလုပ်ငန်းဖြစ်သည်။ ယနေ့ ခေတ်ကာလတွင်လည်း မြန်မာနိုင်ငံ၏စီးပွားရေးသည် စိုက်ပျိုးရေး အပေါ် များစွာမှီခိုအားထားနေရဆဲဖြစ်ကာ လက်ရှိစီးပွားရေးအခြေခံများ အရ ကာလအတန်ကြာသည်အထိ စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေရမည်ဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်း ကျော်သည် ကျေးလက်ဒေသတွင်နေထိုင်လျက်ရှိကြပြီး အများ စု၏ အဓိက စီးပွားရေးလုပ်ငန်းများမှာ လယ်ယာလုပ်ငန်းဖြစ်သည်။ တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှု တန်ဖိုး GDP ၏ ၃၀ ရာခိုင်နှုန်း ခန့်ကို လယ်ယာကဏ္ဍမှ ရရှိနေ ခြင်းဖြစ်သည်။ လယ်ယာ၊ စက်မှု၊ ဝန်ဆောင်မှု (Agricultural, Industry, Services-AIS) တို့အနက် လယ်ယာကဏ္ဍကို Agricultural Sector နှင့် ၎င်းတွင်ပါဝင်သော လယ်ယာ၊ သားငါးမွေးမြူရေး ကဏ္ဍ၊ သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍတို့ကိုပေါင်းစု၍ “ A ” အဖြစ် Agricultural Sector ဟုလည်း ကောင်းခြုံငုံခေါ်ဆိုသည်။ လယ်ယာကဏ္ဍတွင် သီးနှံ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ရေလုပ်ငန်းကဏ္ဍခွဲများနှင့် လယ်ယာထွက်ကုန် များအား တန်ဖိုးမြှင့် ကုန်ထုတ်လုပ်ခြင်းများပါဝင်သည်။ သို့သော် ရာသီဥတု ပြောင်းလဲမှု၊ သဘာဝဘေးနှင့် အခြားသောဘေးအန္တရာယ်များကျရောက်မှုကြောင့် တောင်သူလယ်သမားအများစု၏ လူမှုစီးပွားဘဝကိုထိခိုက်စေခဲ့သည်။ အထူးသဖြင့် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းပြီးနောက်ကာလများတွင် မကြာခဏရာသီဥတု ဖောက်ပြန်မှုများနှင့်ကြုံတွေ့ခဲ့ရာ လယ်ယာကဏ္ဍ တွင် ထိခိုက်နစ်နာဆုံးရှုံးမှုများပေါ်ပေါက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် တောင်သူ လယ်သမားအများစု၏ လူမှုစီးပွားဘဝကို ထိခိုက်စေခဲ့သည် ကိုတွေ့ရသည်။

မြန်မာ့လယ်ယာကဏ္ဍကို နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည် တည်တံ့သော  လယ်ယာထုတ်လုပ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားနပ် ရိက္ခာဖူလုံ၍ အာဟာရပြည့်ဝစေပြီး ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝမြင့်မားလာစေရန်ဆောင်ရွက်မှသာ နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက် အကူပြုနိုင်မည်ဖြစ်သည်။ ကျေးလက်နေပြည်သူများနှင့် လယ်ယာ စီးပွားရေးလုပ်ငန်းများအား ခေတ်မီဆန်းသစ်၍ ရေရှည်တည်တံ့သော ထုတ်လုပ်မှုနည်းပညာများ၊ ပြုပြင်ထုပ်ပိုးနည်းလမ်းများ၊ ထောက်ပံ့ ပို့ဆောင်ရေး နည်းလမ်းများနှင့် ဈေးကွက်ဆိုင်ရာနည်းပညာများကို အသုံးပြု၍ ကြီးထွားလာသော ပြည် တွင်း၊ ပြည်ပဈေးကွက်ဝယ်လိုအားနှင့်အညီ ဘေးအန္တရာယ် ကင်းရှင်း၍ အာဟာရပြည့်ဝသည့် အမယ်စုံလင်သော စားနပ်ရိက္ခာနှင့် စိုက်ပျိုး မွေးမြူရေးထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ် လုပ်ရာတွင် အထောက်အကူ ပြုနိုင်ရေးဆောင်ရွက်ရမည်ဖြစ်သည်။

ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ မိမိတို့နိုင်ငံသည် သင့် တင့်သည့် ရေမြေသဘာဝနှင့် မျှတသည့်လူဦးရေရှိသည့်နိုင်ငံဖြစ်ပြီး နိုင်ငံ လူဦးရေ၏  ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများတွင် နေထိုင် ကြကြောင်း၊ လက်ရှိစီးပွားရေးအခြေအနေအရ ကျေးလက်ဒေသမှ အလုပ် လုပ်နိုင်သူများသည် လုပ်အားခပိုမိုရသည့် ပြည်ပသို့သွားရောက် အလုပ် လုပ်ကိုင်နေကြသည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ် လုပ် ငန်းများတွင် လုပ်အားရှားပါးသည့်အခက်အခဲနှင့် ကြုံတွေ့နေကြရ ကြောင်း၊ ထို့ကြောင့်လည်း ပြည်တွင်းတွင်အလုပ်အကိုင်အခွင့်အလမ်း ပိုမို ရရှိနိုင်မည့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ပေးသွားကြရန်လိုအပ်မည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစ၍ စက်မှု လုပ်ငန်း များထူထောင်ရေးအတွက်ကိုလည်း တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ သည်။ ၁၉၅၂ ခုနှစ်၌ရေးဆွဲခဲ့သည့် ၈ နှစ်ဖွံ့ဖြိုးရေးစီမံချက်အရ သမိုင်းတင် နိုင် လောက်သည့် SMEs စက်ရုံ၊ အလုပ်ရုံများပေါ်ပေါက်လာသည်ကို လေ့လာ တွေ့ရှိရသည်။ ၁၉၇၀ ပြည့်လွန်နှစ်များ၌ SMEs စက်ရုံ၊ အလုပ်ရုံများသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ သမ္မတဦးသိန်းစိန်လက်ထက်တွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများအားမြှင့်တင်ခြင်းနှင့် လိုအပ်သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် အသေးစားနှင့် အလတ်စားလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၂ ခုနှစ်၊ မတ်လ ၂၉ ရက်တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေး အမှတ် စဉ်(၁၃/၂၀၁၂)မှ အတည်ပြုချက်ဖြင့် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း တွေ့ရှိရသည်။ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်မှစ၍ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနအား စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနလက်အောက်သို့ သွတ်သွင်း ဖွဲ့စည်းခဲ့သည်။ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဥပဒေကို ၂၀၁၅ ခုနှစ်၊ ဧပြီလ  ၉ ရက်တွင် ပြည်ထောင်စု လွှတ်တော်၏ဥပဒေအမှတ်(၂၃)ဖြင့် ပြဋ္ဌာန်းပေးခဲ့ ကြောင်း လေ့လာတွေ့ ရှိရသည်။ မြန်မာနိုင်ငံ၏ SMEs လုပ်ငန်းများကြုံတွေ့ နေရသော အခက် အခဲအချို့ရှိနေပြီး ထိုအခက်အခဲကိုအထောက်အကူပြုစေရန် သုတေသန  ပြုခြင်းအခန်းကဏ္ဍအား ပိုမိုဆောင်ရွက်ပေးရန်လိုအပ်သည်ကို လေ့လာ တွေ့ရှိရသည်။ ဈေးကွက်စီးပွားရေးစနစ်၏ သွင်ပြင်လက္ခဏာများမှာ ဗဟို ချုပ်ကိုင်မှုမှ ကင်းလွတ်ခြင်း၊ စားသုံးသူသည်သာ အဓိကဖြစ်ခြင်း၊ အလုပ် အကိုင်လွတ်လပ်စွာ ပြောင်းရွှေ့နိုင်ခြင်း၊ ပုဂ္ဂလိကပိုင်ဆိုင်မှုခွင့်ပြုခြင်း၊ ပြိုင် ဆိုင်မှုရှိနေခြင်း၊ စီးပွားရေးလုပ်ငန်း၏မဏ္ဍိုင်သည် အမြတ်ဖြစ်ခြင်းတို့ ဖြစ် သည်။ ဈေးကွက်သဘောကို သက်ဝင်ယုံကြည်ကျင့်သုံးနေသော စီးပွားရေး စနစ်ကို ဈေးကွက်စီးပွားရေးစနစ်ဟု ခေါ်ဆိုရမည်ဖြစ်သည်။ ဈေးကွက် စနစ်တွင် ဈေးကွက်အင်အားစုများဖြစ်သည့် ဝယ်လိုအားနှင့်ရောင်းလိုအား အင်အားနှစ်ရပ်သည် လွန်စွာအရေးကြီးပြီး ထိုအင်အားစုနှစ်ရပ်၏ အခြေ အနေ အပေါ်မူတည်၍ ဈေးကွက်သည်လှုပ်ရှားပြောင်းလဲရသည်။ မည် သည့်အဖွဲ့ အစည်း၊ လူပုဂ္ဂိုလ်၏ထိန်းချုပ်မှုမရှိဘဲ ဈေးကွက်အင်အားစုများ လွတ်လပ်စွာ လှုပ်ရှားခွင့်ရသောကြောင့် လွတ်လပ်သောဈေးကွက်စီးပွား ရေးစနစ် (Free Market Economic System) ဟုလည်း  ဆိုရ မည်ဖြစ် သည်။ လွတ်လပ်သော လှုပ်ရှားဆောင်ရွက်မှုကို ပိုမိုသဘော ကျနှစ်သက် လာကြသည့် ယနေ့ကမ္ဘာ့နိုင်ငံ အများစုသည် ဈေးကွက်အခြေခံသော စီးပွားရေးစနစ်ကို ၎င်းတို့နိုင်ငံ၊ ၎င်းတို့ လူ့အဖွဲ့အစည်းများ၏ အခြေ အနေများနှင့်လိုက်လျောညီထွေစွာ ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံးလျက်ရှိကြ သည်။

ထိုသို့ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမှုကြောင့် စီးပွားရေးဖွံ့ဖြိုးမှုအခြေ အနေ ဂုဏ်တင့်လာသောနိုင်ငံများ အများအပြား ပေါ်ထွက်လာခဲ့ပြီးဖြစ် သောကြောင့် ကျန်ဖွံ့ဖြိုးဆဲနိုင်ငံများကလည်း တိုးတက် ဖြစ်ထွန်းခဲ့မှု ရရှိခဲ့ သည့်နိုင်ငံများ၏အခြေအနေများကို စံနမူနာကောင်းများ ယူကာ ဈေး ကွက်စနစ်လမ်းကြောင်းကို လျှောက်လှမ်းလာခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့်ဈေးကွက်စီးပွားရေးစနစ်ကို စွမ်းဆောင်ရည်ရှိရှိ ကျင့်သုံးနိုင်မှုသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလား အလာကောင်းများရရှိ နေသည်ဟု ဆိုရမည်ဖြစ်သည်။

ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ ဈေးကွက်စီးပွားရေး စနစ် ပီပြင်ကောင်းမွန်မှုရှိရန် စီးပွားရေးကိုအဓိကအထောက်အကူ ဖြစ်စေ သည့် ကုန်ထုတ် ပမာဏကြီးပွားတိုးတက်စေရေးအတွက် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေး အားပေးလုပ်ဆောင်ရန်၊ ထုတ်ကုန်များ ပြည်တွင်း/ ပြည်ပ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိရန်၊ မိမိနိုင်ငံ၏ အခြေခံစီးပွားရေး လုပ်ငန်း ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် SMEs လုပ်ငန်းများကို ခေတ်မီနည်းစနစ်များနှင့် တိုးမြှင့်လုပ်ဆောင်ရေး အားပေးရန်လိုအပ် ကြောင်း၊ ဈေးကွက်စီးပွားရေး စနစ်ဖော်ဆောင်ကျင့်သုံးရာတွင် နိုင်ငံတစ် နိုင်ငံ၊ ဈေးကွက်တစ်ခုတည်းကိုသာ အမှီပြုဆောင်ရွက်ခြင်းကို ရှောင်ရှားရ မည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံ့ထုတ်ကုန် တိုးတက်မှု၊ ပြည်ပမှသွင်း ကုန်ပမာဏများပြားပြီး ကုန်သွယ်ရေးလိုငွေပြမှု၊ ငွေကြေးဖောင်းပွမှု၊ ဘတ်ဂျက်လိုငွေပြမှုအခြေအနေများ၊ သွင်းကုန်အစားထိုး ထုတ်ကုန် ထုတ် လုပ်မှု၊ ဒေသအလိုက် ထုတ်ကုန်ထုတ်လုပ်နိုင်မှု One Village , One Product ပုံစံ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းအပါအဝင် ကုန်ဈေး နှုန်း ကြီးမြင့်ပြောင်းလဲလာမှုအခြေအနေများကိုလည်း ထည့်သွင်းသုံးသပ် ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် လုပ်ခလစာ မြှင့်တင် ဖြေရှင်းမှုသည် သဘာဝမကျကြောင်း၊ နိုင်ငံတော်အတွက် လိုအပ် သည့် အခွန်များ ပြည့်ဝစွာရရှိခြင်းနှင့် နိုင်ငံဝင်ငွေတိုးတက်အောင်ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ အခွန်ထမ်းပြည်သူများ မချိတင်ကဲဖြစ်စေမည့် အခွန်နှုန်း မြှင့်တင်ခြင်းထက် အခွန်ဆောင်ရန်လိမ်လည်ရှောင်လွှဲနေ သူများကို ဖော်ထုတ် ဆောင်ရွက်ရမည်ဖြစ်ပြီး အခွန်ထမ်းပြည်သူများ အခွန် ထမ်းနိုင်အောင် အဆင့်ဆင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဖက် တွင်လည်း ဘတ်ဂျက် လိုငွေလျော့သွားအောင် ကြိုးပမ်းရမည်ဖြစ်ပြီး Demand နှင့် Supply မျှတအောင်ကြိုးစားခြင်းဖြင့် ကုန်ဈေးနှုန်းတည်ငြိမ် အောင် ဆောင်ရွက်ရမည် ဖြစ်ကာ ကုန်ထုတ်အင်အားစုများ လုပ်နိုင်ကိုင် နိုင်အောင် ကူညီပေးရမည်ဖြစ် ကြောင်း ” အမြော်အမြင်ရှိစွာ အသေးစိတ် ကြည့်မြင်၍ အမှာစကားပြောကြား ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။  ထို့အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်ရာတွင် အသိပညာ၊ အတတ်ပညာဖြင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များလိုအပ်မည်ဖြစ် သည်။ 

ကျွမ်းကျင်လုပ်သားများမွေးထုတ်ရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် လုပ်ငန်းဆိုင်ရာသင်တန်းများဖွင့်လှစ်ပေးခြင်း၊ ပြည်ပနိုင်ငံ များသို့ ပညာတော်သင်စေလွှတ်ပေးခြင်း၊ ပြည်တွင်းရှိ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းကျောင်းများမှလက်မှတ်များကို အပြည်ပြည်ဆိုင်ရာ အသိအမှတ် ပြုနိုင်ရေးနှင့် သင်တန်းများရှိ သင်ရိုးညွှန်းတမ်းများကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းမီစေရေးကိစ္စများ အစရှိသည်ဖြင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရန် ဆောင်ရွက်ရမည်ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေ ရန် ဆောင်ရွက်ရာတွင် အသိပညာရှင်၊ အတတ်ပညာရှင်များလိုအပ်သည် ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က “ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးနှင့် စီးပွားရေး ကောင်းမွန်ရေးအတွက် လျှပ်စစ်ဓာတ်အား၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးစနစ်များ ကောင်းမွန်ရန်လိုအပ် သကဲ့သို့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အလွန် အရေးကြီးသည့် အခန်းကဏ္ဍပင် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ်တည်ဆောက်ရာတွင် အသိပညာတစ်ခုတည်း နှင့်တည် ဆောက်၍မရသကဲ့သို့ အတတ်ပညာတစ်ခု နှင့်လည်းတည်ဆောက်၍ မရနိုင်သည့်အတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသား အရင်းအမြစ်များ မွေးထုတ်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ဆက်သွယ်ရေး ကဏ္ဍနှင့် လူသားအရင်းအမြစ်ကဏ္ဍများသည် စီးပွားရေးမောင်းနှင် အား ကောင်းမွန်ရေးအတွက် အရေးကြီးသည့်ကဏ္ဍများဖြစ်သည့် အတွက် ယင်းကဏ္ဍ များတိုးတက်ကောင်းမွန်အောင် စဉ်ဆက်မပြတ် လုပ်ဆောင်ရန်လိုအပ်ကြောင်း  နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင် တန်းအမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲတွင် အမှာစကားထည့်သွင်း ပြော ကြားခဲ့ခြင်းဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် ကျွန်ုပ်တို့မြန်မာနိုင်ငံအနေဖြင့် သဘာဝ အရင်း အမြစ်များစွာရှိခြင်း၊ ဒေသတွင်းမဟာဗျူဟာအရ အချက်အချာကျစွာ တည်ရှိခြင်း၊ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်နိုင်ငံကြားတည်ရှိပြီး ASEAN အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ခြင်းတို့ကြောင့် ကြီးမားသောဈေးကွက် ပမာဏရှိခြင်း၊ နိုင်ငံ့လူဦးရေအချိုးအစားမှာလည်း Population Bonus ရရှိပြီး လုပ်သားအင်အားပေါများခြင်းတို့ကြောင့် စီးပွားရေးဖွံ့ဖြိုး တိုးတက် ရန် အခြေခံကောင်းများစွာရှိနေသော်လည်း စိန်ခေါ်မှုများနှင့်ကြုံ တွေ့နေရ ဆဲပင်ဖြစ်သည်။ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို မှန်ကန်ထိ ရောက် သော စိုက်ပျိုးရေး မူဝါဒများ၊ စက်မှုမူဝါဒများ၊ ရည်မှန်းချက်များ၊ သတ် မှတ်ချက်များချမှတ်၍ အစိုးရနှင့်ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ လုပ်သားများ၊ လယ်သမားများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များအပါအဝင် အဖွဲ့ အစည်းအားလုံးက ကျရာအခန်းကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်မည်ဆိုလျှင် “အူမတောင့်ခြင်း ” ဆိုသည့် နိုင်ငံတော်၏လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုး တက် မှု “ သီလစောင့်ခြင်း ” ဆိုသည့် တစ်ဦးချင်းကျင့်ဝတ်၊ အဖွဲ့အစည်း ကျင့် ဝတ်တို့အပေါ် တန်ဖိုးထား လေးစားမှုမှသည် နိုင်ငံသားအားလုံး၏ ရည် မှန်းချက်ဖြစ်သော ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်ကြီးကို မလွဲ ဧကန်တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း ယုံကြည်မိပါသည်။

''နိုင်ငံ့စီးပွားရေး၊ အူမတောင့်ခြင်းနှင့် သီလစောင့်ခြင်း'' ''နိုင်ငံ့စီးပွားရေး၊ အူမတောင့်ခြင်းနှင့် သီလစောင့်ခြင်း'' Reviewed by Admin on 10:25 Rating: 5
Powered by Blogger.