''နိုင်ငံအရေး၊ ပြည်သူ့အရေး၊ အမျိုးသားနိုင်ငံရေးနှင့် တပ်မတော်''

 

ဆောင်းပါး/ ဇော်မင်းထွန်း(ရေနံချောင်း) ၊ မင်းသီဟ

" နိုင်ငံရေးဆိုတာ ရှုပ်ထွေးပါတယ်ကွာ မင်းအလုပ်ကိစ္စကိုသာပြောပါ တို့လက်လှမ်းမမီတဲ့နိုင်ငံရေးကို ပြောမနေပါနဲ့ " အဆိုပါစကားစုမှာ အိမ်ရှေ့ဧည့်ခန်းတွင် အဖေနှင့်ဦးလေးတို့စကားပြောရင်းမှ အဖေက ဦးလေးအား စကားလမ်းကြောင်းပြောင်းရန် ပြောကြားလိုက်သည့်စကားစုလေးအဖြစ် ကျွန်တော်ကြားလိုက်ရသည်။ ကျွန်တော့် အနေဖြင့်လည်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်နေ့ထုတ် မြဝတီသတင်းစာအား ဖတ်ရှု နေခိုက်နှင့်ကြုံလေသောအခါ သတင်းစာ စာမျက်နှာ ၁၆ တွင်ပါရှိသည့် " ၂၀၁၁ ခုနှစ်တွင် ရွေးကောက်ခံအစိုးရကို စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး တပ်မတော်သည် နိုင်ငံတော်ကို လုံခြုံရေးအရတည်ငြိမ်အေးချမ်းရေး၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးကိစ္စများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် တက်လာသည့် အစိုးရအဖွဲ့လက်ထက်တွင်လည်း ဒီမိုကရေစီလမ်းကြောင်း ယိမ်းယိုင် မသွားစေရန်နှင့် စနစ်တကျဖြစ်စေရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းသည် နိုင်ငံ တော်အတွက် သမိုင်းကြောင်းအရတောင်းဆိုချက်ဖြစ်သော အမျိုးသား နိုင်ငံရေးကိုလုပ် ဆောင်နေခြင်းဖြစ်ပြီး တပ်မ​တော်အနေနှင့် နိုင်ငံ့အရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက်ကိုသာ ရှေးရှုဆောင်ရွက်နေခြင်းဖြစ် ကြောင်း " နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သင်တန်းအမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့် အမှာစကားကို လေးနက်စွာတွေးမြင်နားလည်မိပါတော့သည်။

၎င်းသည်ပင် ပြည်သူတို့လိုလားတောင်းတခဲ့ကြသည့် "ပါတီစုံဒီမိုကရေစီ" စနစ်ကို ဖော်ဆောင်ပေးခဲ့သည့် တပ်မတော်၏ အမျိုးသားနိုင်ငံရေးနှင့် ပြည်သူ့ ဆန္ဒသဘောထာအပေါ်ထားရှိသည့် အမျိုးသားနိုင်ငံရေးသစ္စာတရားဖြစ်သည်။ နိုင်ငံ့အရေးတွင် တပ်မတော်ဆောင်ရွက်ခဲ့သည့်၊ ဆောင်ရွက်နေသည့်၊ ဆောင်ရွက်နေမည့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဖြစ်သည် ။ နိုင်ငံရေး(Politics)ဟူသည် တိုင်းပြည်နိုင်ငံ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ညွှန်ကြားခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ ဝိဇ္ဇာ (သို့မဟုတ်) သိပ္ပံအတတ်ကိုလက်တွေ့ အ ကောင်အထည်ဖော်ခြင်းဖြစ်သည်။ တိုင်းပြည် နိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်များကို လူအများက ပါဝင်ဆောင်ရွက်ခြင်းဖြစ်စဉ်သည် နိုင်ငံရေးပင်ဖြစ်သည်။ ထို့ပြင် နိုင်ငံရေးဆိုသည်မှာ လူ့အဖွဲ့အစည်းဖြင့် ဆုံးဖြတ်သော လမ်းစဉ်ဖြစ်သည်။  ဤအသုံးအနှုန်းသည် ယေဘုယျအားဖြင့် နိုင်ငံအစိုးရများ၏ လုပ်ငန်းရပ်များကိုဆိုလိုသည့်အပြင် လူသားအချင်းချင်းဆက် နွှယ်မှု၊ ပေါင်းစပ်ဖွဲ့စည်းမှု၊ ပညာသင်ကြားမှုနှင့်ဘာသာရေးဆိုင်ရာ လူမှုပတ်ဝန်းကျင်ကိစ္စရပ်များလည်း ပါဝင်ပတ်သက်သည်။ နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွား ဖြစ်ထွန်းတိုးတက်မှု၊ ရေရှည်တည်တံ့မှုနှင့်ငြိမ်းချမ်းသာယာရေးတို့ကို ခြုံငုံဆောင်ရွက်ခြင်းကို နိုင်ငံရေးဟူ၍ သတ်မှတ်သည်ဟု နိုင်ငံရေး၏အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သိရှိမှတ်သားရသည်။ နိုင်ငံရေးတွင်မျှတသော သဘောတရားရှိရန် အထူးလိုအပ်ပြီး မုန်းခြင်း၊ ချစ်ခြင်း၊ ပါတီစွဲ၊ လူစွဲကင်း ၍ နိုင်ငံ့ ကောင်းကျိုးအတွက် ဆောင်ရွက်သင့်သည်များကို ပြတ်သားစွာဆောင်ရွက်ရန်လိုအပ်ကြောင်း လေ့လာသိရှိရပါသည်။ အဆိုပါနိုင်ငံရေး အယူအဆသဘောတရားများမှ သွေဖည်ပြီး တစ်ယူသန်အစွန်းရောက်သွားပါက နိုင်ငံရေးအစွန်းရောက်ခြင်းဖြစ်ပေါ် သွားနိုင်ပါသည်။ နိုင်ငံရေးပါတီတစ်ရပ်တွင် အယူအဆပြင်းထန် အစွန်းရောက်သူများ အင်အားသာလွန်လွှမ်းမိုးသွားပါက နိုင်ငံရေးအစွန်းရောက်ခြင်း (Polarization)ဖြစ်သွား ပြီဟုသတ်မှတ်ကြောင်း လေ့လာသိရှိရပါသည်။ အစွန်းရောက်ခြင်းအပြင် နိုင်ငံရေး လက်စားချေလိုမှု (Political Revenge)ပါ ပေါင်းထည့်လိုက်ပါက တိုင်းပြည်၏အနာဂတ် အရေးပါ မကောင်းနိုင်တော့။ နိုင်ငံတစ်ခုတွင်တည်ရှိနေသော နိုင်ငံရေးစနစ် လှုပ်ရှား လည်ပတ်ခြင်းနှင့်ပတ်သက်၍ လူအများမည်မျှသိရှိသနည်း၊ နားလည်သဘောပေါက် သ နည်း၊ အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်း မည်သို့ရှိသနည်း စသည်တို့က လူ့အဖွဲ့ အစည်း ၏ နိုင်ငံရေးယဉ်ကျေးမှုကိုဖော်ပြပါသည်။ နိုင်ငံရေးဆောင်ရွက်ကြသော နိုင်ငံရေးနှင့်ဆက်စပ်သူအားလုံးတွင် နိုင်ငံရေးယဉ်ကျေးမှုရှိမှသာလျှင် နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်း မြင့်မားလာနိုင်မည်ဖြစ်သည်။ နိုင်ငံရေးယဉ်ကျေးမှုမှ ကင်းလွတ်၍ အစွန်းရောက်ခြင်းများဖြစ်ပေါ်လာပါက အကြမ်းဖက်မှုများ၊ ဆူပူဆန္ဒပြမှုများ၊ အထွေထွေမကျေနပ်မှုများကြောင့် တိုင်းပြည်အေးချမ်းတည်ငြိမ်မှုပျက်ပြားလာနိုင်၍ ဒီမိုကရေစီနိုင်ငံတော်အဖြစ် အသွင်ကူးပြောင်းရာတွင် အနှောင့်အယှက်အတားအဆီးများ ဖြစ်ပေါ်လာတတ် သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၂၀-၁-၁၉၄၆ ခုနှစ်တွင်ပြု လုပ်သော ဖဆပလ ညီလာခံတွင် နိုင်ငံရေးနှင့်ပတ်သက်၍  " နိုင်ငံရေး မည်သည်ယုတ်မာညစ်ထေးသည်မဟုတ်၊ နိုင်ငံရေးကိုညစ်ထေးအောင်လုပ်သူတို့သာလျှင် ယုတ်မာသည် " ဟုပြတ်သားစွာပြောကြားခဲ့သည်ကို ကြားသိရမည်ဖြစ်သည်။ ပါတီစုံ ဒီမိုကရေစီစနစ် (Multi – party democratic system)ကို ကျင့်သုံးဆောင်ရွက်လျက်ရှိသော မိမိတို့နိုင်ငံတွင် ပါတီနိုင်ငံရေးမှဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေးအစွန်းရောက်ခြင်းများကို သတိပြုရန် လိုအပ်လှသည်။

အမျိုးသားနိုင်ငံရေးဆိုသည်မှာ အမျိုးသားအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေး၊ တိုင်းရင်း သားပြည်သူလူထုအရေးနှင့် နိုင်ငံ့အရေးပင်ဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော် ၏အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်အကောင်အထည် ဖော်ရန်အတွက် အမျိုးသားနိုင်ငံရေးတာဝန်ကို ထမ်းဆောင်နေခြင်းသာဖြစ်သည်။ ပါတီ နိုင်ငံရေးကြောင့်ပေါ်ပေါက်လာသည့် နိုင်ငံရေးအစွန်းရောက်မှုများကြောင့် နိုင်ငံတော် မတည်မငြိမ်ဖြစ်ခဲ့သည်ကို သမိုင်းကြောင်းတွင်ဖြစ်ပေါ်ခဲ့မှုများက သက်သေပြလျက်ရှိ သည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် သမိုင်းကြောင်းအရတောင်းဆိုချက်ဖြစ်သော အမျိုးသားနိုင်ငံရေးကိုလုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထက်ပါအတိုင်း အဓိပ္ပာယ်ရှိစွာအမှာစကား ပြောကြားခဲ့ခြင်းဖြစ်သည်ကို နားလည် သိရှိလိုက်ရသည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကို အမျိုးသားနိုင်ငံရေးတာဝန်များအပ်နှင်းထားပြီး အပ်နှင်းထားသည့် အမျိုးသားနိုင်ငံရေးတာဝန်များကို လေ့လာကြည့်မည်ဆိုလျှင် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက် အကောင် အထည်ဖော်ရန်အတွက်သာဖြစ်သည်ကို လေ့လာတွေ့ရှိရမည်ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေ ခံဥပဒေကို နိုင်ငံရေးသိပ္ပံတွင် Public Law သို့မဟုတ် Constitution သို့မဟုတ် Constitutional Law သို့မဟုတ် Basic Law of the Country သို့မဟုတ် Highest Law of the Land သို့မဟုတ် Supreme Law သို့မဟုတ်  Mother Law စသည်ဖြင့် အမျိုးမျိုး တင်စားသုံးနှုန်းကြသည်။ အောက်စဖို့ဒ်တက္ကသိုလ်မှ ထုတ်ဝေသော "  ဥပဒေအဘိဓာန် " တွင် " The Constitution is the Rule and Pratices that regulate the relationship between the individual and State " ဟူ၍ဖြစ်ပြီး အဓိပ္ပါယ်မှာ      " ပြည်သူနှင့်အစိုးရအကြား ဆက်စပ်ပတ်သက်မှုတို့ကို လက်တွေ့လိုက်နာကျင့်သုံးရန် ချမှတ်ပြဌာန်းသည့် ဥပဒေ၊ နည်းဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည်" ဟူ၍ဖြစ်သည်။ မြန်မာ နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၄၇ ခုနှစ်၊ ၁၉၇၄ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်တို့တွင် ၃ ကြိမ်ပြဌာန်းခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍လည်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က  " တပ်မတော်အနေဖြင့် လွတ်လပ်ရေးရရှိပြီးချိန် မှစ၍ ခေတ်အဆက် ဆက်နိုင်ငံရေး ဦးဆောင်မှုများကိုဆောင်ရွက်ခဲ့ရကြောင်း၊ ၁၉၈၈ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်တာဝန်အရပ်ရပ်ကိုထမ်းဆောင်နေချိန်၌ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ တိုင်းရင်းသားရေးအရ၊ အမျိုးဘာသာသာသနာအရအမြင်မတူဘဲ ကွဲလွဲမှုများရှိခဲ့ကြပြီး ပြည်ပနိုင်ငံများမှလည်း ပိတ်ဆို့မှုအမျိုးမျိုးရှိခဲ့သည့်အတွက် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီး ပြည်သူများကလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်အောင်တည် ဆောက်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ရေးဆွဲစဉ်အချိန်က အခြေ အနေ အချိန်အခါနှင့်အကိုက်ညီဆုံး၊ မြန်မာနိုင်ငံ၏သမိုင်း၊ ယဉ်ကျေးမှုထုံးတမ်းအစဉ် အလာများအပေါ်တွင် အလေးထားစဉ်းစားရေးဆွဲခဲ့ခြင်းဖြစ်ပြီး အခြေအနေအချိန်အခါနှင့်မကိုက်ညီမှုများရှိပါက သင့်လျော်သလိုပြုပြင်သွားရမည်ဖြစ် ကြောင်း၊ သို့သော် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိုအကြောင်းပြပြီး နိုင်ငံရေးအရ အသုံးချခံရခြင်းမဖြစ်အောင် ချင့်ချိန်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း " အမြော်အမြင် ကြီးစွာ အမှာစကားပြောကြားသွားသည်ကို ဖတ်ရှုလိုက်ရသည်။

ဒီမိုကရေစီစနစ်၏အခြေခံမှာ ရွေးကောက်ပွဲ(Election)များ ကျင်းပပေးခြင်း ဖြစ်သည်။ ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံတော်အစိုးရတင်မြှောက်ဖွဲ့စည်းနိုင်ရန်အတွက် ဆန္ဒမဲအများဆုံးရရှိသူ သို့မဟုတ် ဆန္ဒမဲရရှိမှုရာခိုင်နှုန်းအပေါ်မူတည်၍ ပြည်သူ့ ကိုယ်စားလှယ်များရွေးချယ်ပေးခြင်းဖြစ်သည်။ ထိုကဲ့သို့ရွေးချယ်ပေးနိုင်ရန်အတွက် ရွေးကောက်ပွဲကျင်း ပရာတွင် ရွေးကောက်ပွဲများကို စီမံခန့်ခွဲသူများ (Election Management Body) အနေဖြင့် အခြေခံမူ၊ အခြေခံသဘောတရားများကို လိုက်နာဆောင်ရွက်မှသာ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ၊ အများယုံကြည်လက်ခံသောရွေးကောက်ပွဲ များဖြစ်ပေါ်လာမည်ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈)နှင့် လွှတ်တော်ရွေးကောက်ပွဲဥပဒေများတွင် သတ်မှတ်အရည်အချင်းပြည့် မီသော နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရန် ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်း ကာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။ အထွေထွေ ရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင်လည်းကောင်း၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်လည်းကောင်း ကျင်းပခဲ့ပြီးဖြစ်သည်။ ထို့အပြင် ကြားဖြတ် ရွေးကောက်ပွဲများကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်လည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် လည်းကောင်း အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ရွေးကောက်ပွဲများမှပြည်သူလူထုဆန္ဒနှင့်အညီ ရွေးကောက် ပေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတော်၏ အချုပ် အခြာအာဏာ ကိုရယူပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရန်ဖြစ်သည်။ တရားမျှတသည့် အ ထွေ​ထေွ ရွေးကောက်ပွဲအောင်မြင်စွာပြုလုပ်ပေးရန်လိုအပ်ပြီး ရွေးကောက်ပွဲသည် အနာ ဂတ် နိုင်ငံရေးအတွက်အရေးပါပုံကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က " ၂၀၂၀ ပြည့်နှစ်သည် နိုင်ငံတော်အတွက် အရေးကြီးသည့်အထွေထွေရွေးကောက်ပွဲပြုလုပ်မည့်နှစ်ဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးလုပ်ငန်းစဉ်များအောင်မြင်ရန် အရှိန်အဟုန်မြှင့် လုပ်ဆောင်ရမည့်ကာလလည်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ လက်ရှိပကတိ အနေအထားအရ ပြည်သူလူထုကရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးအတွက် တရားမျှတသည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာပြုလုပ်ပေး နိုင်ရန်လိုအပ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲမဖြစ်ပါက အနာဂတ် ဒီမိုကရေစီလျှောက်လှမ်းရေးတွင် အခက်အခဲဖြစ်လာနိုင်ကြောင်း၊ ရွေး ကောက်ပွဲ တရားမျှတစွာပြီးမြောက်အောင်မြင်စေရန် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးသည် မရှိမဖြစ်လိုအပ်သည့်အတွက် တပ်မတော်အနေဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးရန် လိုအပ်ကြောင်း၊ အနာဂတ်နိုင်ငံရေးတွင် နိုင်ငံတော်လျှောက်လှမ်းနေသည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် တည်တည်ငြိမ်ငြိမ်နှင့်လျှောက်လှမ်းနိုင်ရေးအတွက် နိုင်ငံရေးအရတည်ငြိမ်အေးချမ်းရန်လိုအပ်သကဲ့သို့ လုံခြုံရေးအရလည်း တည်ငြိမ်အေး ချမ်း ရန်လိုအပ်ကြောင်း " ကြိုတင်မျှော်တွေး၍ အမှာစကားပြောကြားခဲ့သည်ကို ဖတ်ရှု လိုက်မိသည်။ ဤသည်ပင် တပ်မတော်၏ ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရေး၌ အခြေ ခံကျသော လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲအပေါ် သဘောထား၊ မျှော်လင့်ချက်နှင့် လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲဖြစ်စေရန် လုပ်ဆောင် နေသည့် လုပ်ဆောင်ချက်တို့ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် မိမိတို့နိုင်ငံတော်အတွင်းရှိ နိုင်ငံသားအားလုံးသည် နိုင်ငံရေးကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ ပါတီစွဲ၊ အယူဝါဒစွဲကင်းသည့် အမျိုးသားနိုင်ငံရေးကိုတော့ နားလည်ထားရန်လိုအပ်ပါသည်။ တပ်မတော်သည် အမျိုးသား နိုင်ငံ ရေးတာဝန်ကိုထမ်းဆောင်ပြီး နိုင်ငံ့အရေးကိုဆောင်ရွက်သလိုပင် နိုင်ငံသူ၊ နိုင်ငံသား အားလုံးကလည်းအမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့် နိုင်ငံ့အရေးကိုစိတ်ဝင်စားပြီး အမျိုး သားနိုင်ငံရေးတာဝန်များကိုတတ်စွမ်းသရွေ့ထမ်းရွက်ကြပါမူ ကျွန်ုပ်တို့အမိ မြန်မာနိုင်ငံတော်၏ အနာဂတ်သည်လည်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတော့သည်။

''နိုင်ငံအရေး၊ ပြည်သူ့အရေး၊ အမျိုးသားနိုင်ငံရေးနှင့် တပ်မတော်'' ''နိုင်ငံအရေး၊ ပြည်သူ့အရေး၊ အမျိုးသားနိုင်ငံရေးနှင့် တပ်မတော်'' Reviewed by Admin on 08:33 Rating: 5
Powered by Blogger.