“ဆောင်းနှင်းဖွေးဖွေးလေး တောင်တန်းများကြားမှာ အေးချမ်းလှတဲ့ ကျွန်တော်တို့မြို့လေးကို
အလည်တစ်ခေါက် အရောက်လာပါလားကွဲ့ ” ဆိုသည့် သီချင်းလေးကို လူတိုင်းလိုလိုပင်နားထောင်ဖူးကြပေလိမ့်မည်။
သီချင်း စာသားလေးအတိုင်း အမှန်ပင် ရှမ်းပြည်နယ်အတွင်းရှိမြို့လေးများမှာ သာယာ လှပေသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကောင်းခါး ဒေသသည်လည်း စိမ်းလန်းသောတောင်တန်းများက
ဝန်းရံထားကာ မြို့ပတ် ဝန်းကျင်တွင် တောင်ယာစိုက်ခင်းများ ကောင်းခါးငြိမ်းချမ်းရေး ရေကန်သာတို့ဖြင့်
သာ ယာဖွယ်ရှုခင်းများတွေ့မြင်ရပြီး မြို့ဦးထိပ်ရှိတောင်တန်း ပေါ်တွင် မဟာဓမ္မရံသီရန်အောင်စေတီတော်ကြီးကိုလည်း
ကြည်ညိုဖွယ်ရာ တွေ့မြင်ရသည်ဖြစ်ရာ ကောင်းခါးဒေသသည် သာယာအေးချမ်းလှသော ဒေသလေးတစ်ခုအဖြစ်
ရှိနေနှင့်ခဲ့ပြီးဖြစ်သည်။ ထိုကောင်းခါးဒေသသည် ရှမ်းပြည်နယ်အတွင်းတွင်တည်ရှိသော်လည်း
ဒေသခံကချင်လူမျိုးအများစု နေထိုင်သည့်ဒေသတစ်ခုလည်းဖြစ် သည်။ ကျွန်ုပ်တို့နိုင်ငံသည်
ပြည်ထောင်စု မြန်မာနိုင်ငံဖြစ်သည့်အား လျော်စွာ ပြည်နယ်အသီးသီးတွင် တိုင်းရင်းသားများ
စုစည်းနေထိုင်ကြသည်မှာ အဆန်းတော့မဟုတ်ပေ။
ထိုသို့သာယာလှပသည့် ကောင်းခါးဒေသအတွက် ဆန့်ကျင်ဘက်
သတင်းတစ်ခုကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထုတ် သတင်းစာတွင် ဖတ်ရှု မိလိုက်သောအခါ စိတ်မကောင်းဖြစ်မိပါတော့သည်။
တပ်မတော်မှတပ်ရင်း တစ်ရင်းသည် ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု နယ်မြေအတွင်း
နယ်မြေလုံခြုံရေးဆောင် ရွက်ရာမှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လွယ်ခမ် ကျေးရွာ၏ မြောက်ဘက်မီတာ
၁၅၀၀ ခန့်အကွာ တောအုပ်အတွင်း၌ မြေတိုက်ခန်းပြု လုပ်၍ မြေကြီးပြန်လည်ဖုံးအုပ်ထားသည့်နေရာ၌
သိုဝှက် ထားသောစိတ်ကြွရူးသွပ်ဆေးပြား ၃၇,၈၀၀ ပြားနှင့် မူးယစ်ဆေးဝါးထုတ်လုပ် ရာတွင်
အသုံးပြုသော ဆက်စပ်ပစ္စည်းများ စုစုပေါင်း ကာလတန်ဖိုး ၅၆,၇၀၀,၀၀၀ ကျပ် စတင်တွေ့ရှိသိမ်း ဆည်းရမိခဲ့သည့်သတင်းအား
ဖတ်ရှု မိလိုက်ခြင်းပင်ဖြစ်သည်။
နောက်ဆက်တွဲသတင်းထုတ်ပြန်ချက်များအရ
တပ်မတော်အနေဖြင့် လွယ်ခမ်ကျေးရွာအနီးပတ်ဝန်းကျင်အား မြေပြင်သတင်းဖော်ထုတ်ခဲ့ပြီး လိုအပ်သည့်တပ်အင်အား စုဖွဲ့မှုများပြုလုပ်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် အင်အား
၃၀၀ ဦးကို လေယာဉ်ဖြင့် အမြန်ပေးပို့အင်အားဖြည့်ခဲ့ပြီးနောက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ပူးပေါင်း၍
ရှာဖွေဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ဖေ ဖော်ဝါရီလ ၂၈ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့အထိ
မူးယစ် ဆေးဝါး ၄၄ ကြိမ် ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပြီး စိတ်ကြွဆေးပြား ၁၄၈,၇၉၆,၆၀၀ ပြား၊
ဘိန်းဖြူ ၂၈၆.၂၃ ကီလိုဂရမ်၊ ဘိန်းညို ၂၉၁ ကီလိုဂရမ်၊ ဘိန်းဖြူခဲ ၁.၆ ကီလို ဂရမ်၊ ဘိန်းဆီခဲ
၁၆ ကီလိုဂရမ်၊ ဆေးပြားအကြေ မှုန့် ၁၂.၆၅ ကီလိုဂရမ်၊ ဘိန်း စိမ်း ၁၃၅ ကီလိုဂရမ်နှင့်
ICE ၅၀၉ ကီလိုဂရမ်နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာ တွင် အသုံးပြုသည့်ဆက်စပ် ပစ္စည်း ၂၄၉
မျိုး အပါအဝင် မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်း စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်းပေါင်း
၃၉၃ ဘီလီယံကျော်သိမ်း ဆည်း ရရှိခဲ့ကြောင်း ဖတ်ရှုလေ့လာမိပါသည်။ အဆိုပါမူးယစ်ဆေးဝါးနှင့်ဆက် စပ်ပစ္စည်းများကို လွယ်ခမ်ကျေးရွာ အတွင်းရှိ နေအိမ် ၃၈ အိမ်မှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး
မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်မျိုးစုံ ၇၃ လက်နှင့် ယာဉ်မျိုးစုံ ၂၂ စီးကိုလည်း
ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်းနှင့် တရားဉပဒေစိုးမိုးရေးလုပ်ငန်းနှင့် မူးယစ်ဆေးဝါးတရားခံများဖမ်းဆီး
ရမိ ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ရာ လက်နက်မှု ၁ မှု၊ မူးယစ်ဆေးဝါးမှု
၅၂ မှု၊ ဖမ်းဆီးရရှိ တရားခံ ကျား ၂၈ ဦး၊ မ ၄ ဦး၊ တရားခံပြေး ကျား ၃၈ ဦး၊ မ ၂ ဦး၊ စုံစမ်းဆဲ
၈ ဦးအား ဖော်ထုတ်ဖမ်းဆီးအရေးယူ အမှုဖွင့်ဆောင် ရွက်နိုင်ခဲ့သည်ကို ဖတ်ရှုခဲ့ရသည်။
ထိုသို့ဖမ်းဆီးရမိမှုများနှင့် ပတ်သက်သည့်သတင်းများကို
လေ့လာ ရယူနိုင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားစစ်သံမှူးများနှင့် ဒုတိယ စစ်သံမှူးများ၊
နိုင်ငံအလိုက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့များ၊ မြန်မာ နိုင်ငံဆိုင်ရာ မူးယစ်ဆေးဝါးတားဆီး
နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များနှင့် ပြည်တွင်း/ ပြည်ပသတင်း မီဒီယာများအား မတ်လ ၆ ရက်နေ့တွင်
ကောင်းခါးဒေသသို့ တပ်မတော်ရဟတ်ယာဉ်များဖြင့် နေ့ချင်းပြန်ပို့ဆောင်ပေးခဲ့ပြီး လိုက်ပါလာသော ပြည်တွင်း/ပြည်ပမီဒီယာများနှင့် စစ်သံ မှူးများကို တာဝန်ရှိသူများက မူးယစ်ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ
သိမ်းဆည်းရမိခဲ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ တပ်မတော်မှ တာဝန်ရှိသူများကပြောကြားရာတွင်
ရှမ်းပြည်နယ်ဒေသအချို့တွင် ဘိန်းစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းများရှိနေပြီး
မူးယစ်ဆေးဝါးသည် တစ်မျိုးသားလုံး၏အန္တရာယ်ဖြစ်သည့်အတွက် တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို စစ်ဆင်ရေးတစ်ရပ်သဖွယ် တိုးမြှင့်လုပ်ဆောင်သွားရန်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လမ်းညွှန်ချက်ပေး ခဲ့သည်။ တပ်မတော်မှ အရာရှိကြီးတစ်ဦးအား
၎င်းစစ်ဆင်ရေး၌ အနီးကပ် ကြီးကြပ်ကွပ်ကဲရန် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့စေလွှတ်၍
ကြီးကြပ်စေခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏လမ်းညွှန်ချက်အရ
တပ်မတော် နှင့် ဒီအီးအေ၊ အေအက်ဖ်ပီ၊ သြစတြေးလျအဖွဲ့များ ပေါင်းစပ်ညှိနှိုင်းသတင်း ရယူမှုများဆောင်ရွက်ခဲ့သည့်အတွက်
အကျိုးရှိသောသတင်းများရရှိခဲ့သည်။ ဖော်ထုတ်ရရှိသောမြေပြင်သတင်းများနှင့် အမာခံသတင်းပေးများမှတစ်ဆင့်
ရရှိသောတင်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်များရှိသည့်နယ်မြေများတွင်
နယ်မြေမငြိမ်းချမ်းမှုကို အကာအကွယ်ယူ၍ မူးယစ်ဆေးဝါးအမြောက်အမြား ထုတ်လုပ်လျက်ရှိသည်။
မူးယစ်ဆေးဝါးထုတ် လုပ်မှုကို ရှမ်းပြည်နယ်အတွင်းဒေသများတွင်ဆောင်ရွက်ကာ ပြည်ပသို့သယ် ယူပို့ ဆောင်ရေးနှင့်ရောင်းချခြင်းကို
ရခိုင်ဒေသဘက်တွင် ပင်လယ်ရေလမ်းမှတစ် ဆင့် ဆောင်ရွက်လျက်ရှိသည်။ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို
မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ စနစ်တကျ လွှဲပြောင်းပေးခဲ့သည်။ မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့မှတာဝန်ရှိသူက ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် ဖြစ်စဉ် များအပေါ်သုံးသပ်ပြီး ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း
အထူးစစ်ဆင်ရေး ၂၈ ကြိမ် ဆောင်ရွက်ခဲ့သည့်အခြေအနေများကိုရှင်းပြခဲ့သည်။ ၂၀၂၀ ပြည့်နှစ်
တွင် အထူးစစ်ဆင် ရေး (ဝမ်းဖိုက်ဝမ်းဝမ်း) ကိုဆောင်ရွက်လျက်ရှိပြီး ရွှေတြိဂံ ဒေသအတွင်းမှ
မူး ယစ်ဆေးဝါးများကို အခြားဒေသတွင်းပျံ့နှံ့မှုမရှိစေရေး ရည်ရွက်ချက်ဖြင့် MoU အဖွဲ့ဝင်
၆ နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် Mobile X-ray ယာဉ်တပ်ဆင်ပြီး မူးယစ်ဆေးဝါးဖော်ထုတ်ဖမ်းဆီးမှုများ
ဆောင်ရွက်ခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများဖော်ထုတ်ဖမ်းဆီး ရမိခဲ့သည်။
မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် Promethazine ကိုအတည်ပြုဖမ်းဆီးနိုင်ရန် အချိန်နှင့်တစ်ပြေးညီ
ONCB နှင့် သတင်းဖလှယ်နိုင်ခဲ့သည်။ Prome -thazine နှင့်ပတ်သက်၍ ONCB အနေဖြင့် ထိုင်းနိုင်ငံ
FDA နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
AFP နှင့်သတင်းဖလှယ်မှုအရ ရန်ကုန်တွင် နိုင်ငံခြား သားနှစ်ဦးအပါအဝင် မြန်မာနိုင်ငံသားတစ်ဦးနှင့်အတူ
ICE ၇၄ ကီလိုဂရမ်ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် တပ်မတော်(ရေ)မှ ကော့သောင်း မြို့ အနောက်ဘက်
ပင်လယ်ပြင်တွင် ICE အများအပြား ဖမ်းဆီးရမိ ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ထိန်းချုပ်ဓာတုပစ္စည်း
ဖမ်းဆီးရရှိမှုလျော့ကျလာခဲ့ပြီး နောက်ပိုင်းတွင် ဥပဒေကိုရှောင်လွှဲပြီး ထိန်းချုပ်ထားခြင်းမရှိသည့် မူးယစ် ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုနိုင်သည့် ဓာတုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်ခြင်းများကို
ပြု လုပ်လာကြသည်။ တိုင်းရင်းသား လက်နက်ကိုင် အချို့အနေဖြင့် နယ်စပ်ဒေသမှတစ်ဆင့် နိုင်ငံဖြတ်ကျော်
မူးယစ်ဆေးဝါး ဂိုဏ်းများနှင့်ချိတ်ဆက်ပြီး အိမ်နီး ချင်းနိုင်ငံများသို့ ပို့ဆောင်လျက်ရှိသည်။
တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များကို မတ်လ ၇၊ ၈၊ ၉ ရက်ထုတ် မြဝတီသတင်းစာများမှာ
ဆက်တိုက်ဆိုသလို ဖတ်ရှုခဲ့ရပြီးဖြစ်သည်။
အထက်ပါဖြစ်စဉ်ဖြစ်ရပ်များသည် သာယာလှပသောကောင်းခါးဒေသ
ကိုအရုပ်ဆိုးစေသည့် အကြောင်းအရာများဖြစ်ခဲ့သည်။ သတင်းဖော်ထုတ်ချက် များအရ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊
ဆက်စပ်ပစ္စည်းများမှာ လွယ်ခမ် (ဌာနေ) ပြည်သူ့စစ်အဖွဲ့နှင့်ဆက်စပ်မှုရှိနိုင်ကြောင်း
ဖော်ထုတ်တွေ့ရှိခဲ့ရသည်။ လွယ်ခမ် ပြည်သူ့စစ်အဖွဲ့သည် ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့၏
လက် အောက်ခံ အဖွဲ့ဖြစ်ပြီး ကောင်းခါးပြည်သူ့စစ်အဖွဲ့ပေါ်ပေါက်လာပုံကို စိတ်ဝင် စားဖွယ်
လေ့လာကြည့်သောအခါ ၁၉၄၉ ခုနှစ်၊ ကရင်တိုင်းရင်းသား များ လက်နက်ကိုင် ပုန်ကန်ရာတွင် ကချင်တိုင်းရင်းသားအချို့
လိုက်ပါတောခို ရာမှ ၁၉၆၀ ပြည့်နှစ်တွင် ကချင်လွတ်မြောက်ရေးအစည်းအရုံး(KIO)၊ ကချင်လွတ် မြောက်ရေး
တပ်မတော်(KIA)ဖွဲ့စည်းခဲ့သည်။ KIA စတင်ဖွဲ့စည်းစဉ်က တပ် မဟာ ၂ ခုဖြင့်သာ ဖွဲ့စည်းလှုပ်ရှားခဲ့ပြီး
၁၉၇၂ ခုနှစ်တွင် တပ်မဟာ ၄ ခုထိ တိုးချဲ့ဖွဲ့စည်း လှုပ်ရှား ခဲ့သည်။ တပ်မဟာ(၄)သည် ကွတ်ခိုင်ဒေသတွင်
လှုပ်ရှားခဲ့သည်။ ၁၉၈၉ ခုနှစ် တွင် KIA တပ်မဟာ(၄)တစ်ဖွဲ့တည်း သာကျန်ခဲ့ပြီး ဆက် စပ်ဒေသများသည်
ငြိမ်းချမ်းရေးရရှိပြီးဖြစ်သည်။ ဒုတိယတပ်မဟာမှူး ဦးမထုနော်သည် အခြေအနေအရပ်ရပ်ကိုသုံးသပ်၍
KIA ဗဟိုမှခွဲထွက်ပြီး ငြိမ်းချမ်းရေးရယူရန် ယာယီကော်မတီတစ်ခုအား လျှို့ဝှက်ဖွဲ့စည်းခဲ့သည်။
၎င်းနောက်ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခွင့်ရရှိရန် တပ်မတော်ထောက်လှမ်းရေး
သို့ဆက်သွယ်ခဲ့ သည်။
၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
တိုင်းမှူးဦးဆောင်သော တပ်မတော်ကိုယ်စားလှယ်အဖွဲ့မှ ဦးမထုနော်ခေါင်းဆောင်သော KIA တပ်မဟာ(၄)အဖွဲ့အား
လားရှိုးမြို့တွင်တွေ့ဆုံဆွေးနွေးခဲ့သည်။ လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်၍ ငြိမ်းချမ်းရေးရယူရန်
သဘောတူညီခဲ့သည်။ ဦးမထုနော်ခေါင်းဆောင်သော လူ ၂၀၀၀ ဦး၊ လက်နက်မျိုးစုံ ၂၀၀၉ လက်ပါရှိသည့်
တပ်မဟာ(၄)အင်အားစုအား “ ကချင်အမျိုးသား တိုးတက်ရေးနှင့်လုံခြုံရေးတပ်မတော်
” (Kachin Defence Army– KDA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်အစိုးရမှလည်း
၁၉၉၁ ခုနှစ်၊ ဇန်န ဝါရီလ ၁၁ ရက်နေ့မှစ၍ မတရားအသင်းမှပယ်ဖျက်ပေးခဲ့သည်။ KDA အဖွဲ့အား
“ ရှမ်းပြည်နယ်မြောက်ပိုင်းအထူးဒေသ(၅) ”
အဖြစ်သတ်မှတ်၍ ရိက္ခာ၊ ငွေကြေးထောက်ပံ့ကူညီကာ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးခဲ့သည်။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဉပဒေအရ နိုင်ငံတော်တွင်
တပ်မတော် တစ်ရပ်တည်းသာရှိရမည်ဟူသော အခြေခံမူအတိုင်း ၂၀၀၉ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့မှစ၍
အသွင်ကူးပြောင်းရေးအစီအမံများအား စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ အထူးဒေသ(၅)
KDA အဖွဲ့အား ၂၀၀၉ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် စတင်တွေ့ဆုံဆွေးနွေး ပြောကြားခဲ့သည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)အထူးဒေသ(၅)
KDA အဖွဲ့သည် ပြည်သူ့ စစ်ဖွဲ့စည်းရန်လူအင်အား ၈၅၀ ဦး၊ လက်နက်အင်အား ၉၆၁
လက်ဖြင့် နာယက အဖွဲ့အပါအဝင် အဖွဲ့ ၁၁ ဖွဲ့
ဖွဲ့စည်းရန်တင်ပြမှုအပေါ် အမာခံအင် အား ၂၉၀
ယောက်၊ အရံအင်အား ၅၆၀ ဦး၊ ပေါင်း ၈၅၀ ဦး၊ လက်နက်ကြီး/ငယ် ၁၁၀၈ လက်ဖြင့် ပြည်သူ့စစ်အဖြစ် အသွင် ပြောင်းဖွဲ့စည်းခဲ့သည်။
ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့အား ကောင်းခါးကြီးကြပ်ရေး၊
ကောင်းခါး(၁)၊ ကောင်းခါး(၂)၊ ကောင်းခါး(၃)၊ ဟိုဖျက်၊ လွယ်ခမ်၊ ကာလိုင်၊ မန်ယုံမော်၊
မန်လင်၊ ဟိုခိုနှင့် မန်မတ် စသည့် ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားရှိသည်။ ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့သည်
တပ်မတော်နှင့်ပူးပေါင်း၍ စစ်ဆင်ရေး တာဝန်များကိုထမ်းဆောင်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။
ထူးခြားသော တိုက်ပွဲဖြစ်စဉ်များအနေဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့တွင် ရှေ့ တန်းအမှတ်(၂၉၀)ခြေလျင်တပ်ရင်းမှ
စုရုံး ၁ စိတ်နှင့် ကောင်းခါးပြည်သူ့စစ် (ဌာနေ)အဖွဲ့မှ ဦးလီတာဖ ဦးစီးအင်အား ၂၂ ဦးတို့ပူးပေါင်း၍
နမ့်ခိုင်ယာယီ ခြေကုပ်စခန်း၌ စခန်းထိန်းတာဝန်ထမ်းဆောင်စဉ် MNDAA/TNLA သောင်း ကျန်းသူ
အဖွဲ့ ၇၀ ဦးနှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်တွင် MNDAA/ TNLA
သောင်းကျန်းသူအဖွဲ့ ၁၁၀ ဦးဖြင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့သည်
တပ်မတော်နှင့် ပူးပေါင်း၍ နယ်မြေဒေသဖွံ့ဖြိုးရေး၊ စည်းရုံးရေးလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်နိုင်ခဲ့ပြီး ကောင်းခါးကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ တွင် ရေအားလျှပ် စစ်စက်ရုံ
၂ ခု၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်း ၁၀ ခု၊ ကျေးလက်ကျန်းမာ ရေးဌာနခွဲ ၃ ခု၊ ကျေးရွာချင်းဆက်မြေသားလမ်း
၅ နေရာ၊ ကျေးရွာချင်းဆက်ကတ္တရာလမ်း ၂ နေရာ၊ ကျေးရွာချင်းဆက်တံတား ၁၃ စင်း၊ အခြေခံပညာအထက်တန်းကျောင်း
၁ ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်း ၅ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၂၆ ကျောင်း၊
အမျိုးသား စာပေသင်ကြားမှုကျောင်း ၁ ကျောင်း၊
တရုတ်စာပေ နှင့်ယဉ်ကျေးမှုကျောင်း ၂ ကျောင်း၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်း ၁၁ ကျောင်း၊
ခရစ်ယာန်နှစ်ခြင်း ဘုရားကျောင်း ၁၉ ကျောင်း၊ ခရစ်ယာန် ကက်သလစ်ဘုရားကျောင်း ၁၀ ကျောင်းတို့ကို
တည်ဆောက်ဆောင်ရွက် ပေးနိုင်ခဲ့သည်ကို တွေ့ရှိရသည်။ ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့သည်
တပ်မတော်နှင့်လက်တွဲ၍ စစ်ဆင်ရေး တာဝန်ထမ်းဆောင်ခြင်း၊ ကောင်းခါးဒေသဖွံ့ဖြိုးရေးအတွက်
ကြိုးပမ်းဆောင် ရွက်ပေးခြင်း စသည်ဖြင့် အတိတ်ကကောင်းမွန်သောသမိုင်းကြောင်းများရှိခဲ့ကြောင်း
တွေ့ရသည်။
သို့သော် သတင်းဖော်ထုတ်ချက်များအရ လွယ်ခမ်ပြည်သူ့စစ်အဖွဲ့၏
မူးယစ်ဆေးဝါးနှင့်ပတ်သက်ဆက်နွှယ်မှုနှင့်စပ်လျဉ်း၍ ကောင်းခါး (ဌာနေ) ပြည်သူ့စစ်အဖွဲ့သည်
ဆက်စပ်ပတ်သက်မှုရှိခဲ့သဖြင့် အရှေ့ မြောက်တိုင်း
စစ်ဌာန ချုပ်မှ တာဝန်ရှိသူများက ကောင်းခါးပြည် သူ့စစ်(ဌာနေ) အဖွဲ့မှ အဖွဲ့လိုက် ခေါင်းဆောင်များအား
ခေါ်ယူသတိပေးညှိနှိုင်း ဆွေးနွေးခဲ့သည်။ ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့က ၎င်းတို့၏နယ်မြေအတွင်း
ဖြစ်ပေါ်ခဲ့သော မူးယစ် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိမှု၊ အဖွဲ့ အစည်း၏လက်နက်ကိုင်
ဆောင်ရွက်မှုကိုအကာအကွယ်ပြု၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုများတွင် ပတ် သက်နေသည့်သဘော သက်ရောက်မည်ကို
လည်း နားလည်သဖြင့် ၎င်းတို့၏ လက်နက်များကို တပ်မတော်ထံအပ်နှံ သွားရန်ဆုံးဖြတ်ခဲ့သည်။
၎င်းတို့အနေဖြင့် ယခင်ကတည်းက လက်နက် ကိုရေရှည်စွဲကိုင်ထားရန် ဆန္ဒမရှိခြင်း၊ သာမန်အရပ်သားအနေဖြင့်
ရေရှည် တရားဝင်စီးပွားရေးလုပ်ငန်း များအဖြစ် စိုက်ပျိုး ရေးနှင့်မွေးမြူရေးလုပ်ငန်းများ
အမြန်ဆုံးထူထောင်လုပ်ကိုင် ဆောင်ရွက်လိုစိတ်ရှိခြင်းကြောင့် နိုင်ငံတော်မှခွင့် ပြုသည့်တရားဝင်စီးပွားရေး
လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခြင်းများ ဆောင်ရွက်သွားလိုသည်ကို ဆွေးနွေးခဲ့ကြသည်။
တပ်မတော်အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်စဉ်
မိသားစုများစားသုံးနိုင်ရေး လစဉ်လိုအပ်သည့် ဆန် ၅၅၀ အိတ်၊ ဆီ ၅ ပေပါ၊ ကုလားပဲ ၅၀ အိတ်အားထောက်ပံ့ပေးခြင်း၊
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များအတွက် လိုအပ်သည့်အရင်းအနှီးများတောင်းခံလာပါက
အတိုးမဲ့ချေးပေး ခြင်း၊ နည်းပညာအကူအညီပေးခြင်း၊ ယခင်ပြည်သူ့စစ်အဖွဲ့ပိုင် သတ္တု/ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများအား
တရားဥပဒေနှင့်အညီ ဆက်လက် လုပ်ကိုင်ဆောင်ရွက်စေခြင်း စသည်တို့ကို တပ်မတော်အနေဖြင့်ဆောင်ရွက်
ပေးမည်ဖြစ်သည်ကို တာဝန်ရှိသူများကဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ကောင်းခါးပြည်သူ့စစ်အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးရယူစဉ်ကပင်
ရေရှည် လက်နက်စွဲကိုင်ထားရန် ရည်ရွယ်ချက်မရှိခြင်း၊ အဖွဲ့အစည်းအတွင်း နေရာ အသီးသီး၌
လုံခြုံရေးဆောင်ရွက်လျက်ရှိကြသည့် ကောင်းခါး ပြည်သူ့စစ်တပ် ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ
တာဝန်ခံခေါင်းဆောင်အသီးသီး၏ တာဝန်ယူမှု၊ ရေရှည်အေးချမ်းတည်ငြိမ်စွာဖြင့် နယ်မြေဒေသဖွံ့ဖြိုးတိုး
တက်ရေး အတွက် တရားဝင်စီးပွားရေးလုပ်ငန်းတို့ဖြင့်သာရပ်တည်လိုမှု စသည့် စိတ်ဆန္ဒများကြောင့်
၎င်းတို့ကိုင်ဆောင်သော လက်နက်၊ ခဲယမ်း များကို တပ်မတော်သို့ မတ်လ ၂၉ ရက်နေ့တွင် အပြီးတိုင်အပ်နှံခဲ့ရာ
ယနေ့အထိ စုစုပေါင်း လက်နက်မျိုးစုံ ၁၉၀၆ လက်၊ ကျည်မျိုးစုံ ၅၁၀၀၆၂ တောင့်၊ ဗုံးသီး၊
ဒုံးသီးမျိုးစုံ ၂၁၉၇ လုံး၊ လက်ပစ်ဗုံး ၁၁၀၀ လုံး၊ မိုင်း ၂၉ လုံးနှင့် ဆက်စပ်ပစ္စည်းများ
အပ်နှံပြီးဖြစ်သည်။
စင်စစ်မြန်မာနိုင်ငံသို့ မူးယစ်ဆေးစတင်ပျံ့နှံ့ခဲ့ခြင်းသည်
ကိုလိုနီခေတ် ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ၁၈၅၃ ခုနှစ်တွင် ဗြိတိသျှတို့က အောက် မြန်မာနိုင်ငံကိုသိမ်းပိုက်ခဲ့ပြီး
အိန္ဒိယမှ ဘိန်းကိုစတင်သွင်းလာကာ ကိုလိုနီ အစိုးရထံ တရားဝင်မှတ်ပုံတင်ပြီး ဘိန်းစားသူ
၅၅၀၀၀ အထိရှိခဲ့သည်။ မှတ်ပုံမတင်ဘဲဘိန်းစားသူ တစ်ဝက်ခန့်ရှိသည့်အတွက် ထိုအချိန်က ဘိန်းစား
ဦးရေ တစ်သိန်းနီးပါးရှိခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် မြန်မာအစိုးရက ဘိန်းစား ခြင်းကို ဥပဒေပြဋ္ဌာန်း၍ပိတ်ပင်ခဲ့သည်။
ကိုလိုနီခေတ်တွင် ရှမ်းပြည်နယ်၌ ဘိန်းလုပ် ငန်းဖွံ့ဖြိုးမှု အားကောင်းခဲ့သည်။ ရှမ်းပြည်နယ်သို့
ကူမင်တန် တရုတ်ဖြူများကျူးကျော်ဝင်ရောက်လာပြီးနောက်တွင် ဘိန်းလုပ်ငန်းကို အကြီးအကျယ်လုပ် ကိုင်လာခဲ့သည်ကိုတွေ့ရှိရသည်။
မြန်မာနိုင်ငံ၏ မူးယစ် ဆေးတိုက်ဖျက်ရေးကို ပထမဆုံးနှင့် ကိုယ်ထိလက်ရောက်ဆောင်ရွက်ခဲ့ရသည့်
အဖွဲ့အစည်းမှာ မြန်မာ့တပ်မတော်ပင်ဖြစ်သည်။ ပထမဆုံးဘိန်းတိုက်ဖျက်မှု စစ်ဆင်ရေးအနေဖြင့်
ပန်ပိစစ်ဆင်ရေးဖြစ်ခဲ့ပြီး ၁၉၇၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ မှ ၂၆ ရက်ထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကာ
တပ်မတော်မှ ရဟတ်ယာဉ် များအသုံးပြုတိုက်ခိုက်ခဲ့ရသည်။ ဘိန်းချက်စက်ရုံများဖျက်ဆီးခဲ့ပြီး
ဘိန်းဆီဂါလံ ၃၀၀ နှင့်ဘိန်းချက်ကိရိယာများဖမ်းဆီးရမိခဲ့သည်။ အဆိုပါဘိန်းချက် စက်ရုံများသည် ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်တောင်ဘက်ရှိ ပန်ပိရွာအနီး ရှမ်းသောင်းကျန်းသူ
SURA (မိုးဟိန်း)အဖွဲ့နှင့် တရုတ်ဖြူကူမင်တန်အင်အား ၃၀၀ တို့ကတည် ဆောက်ထားခဲ့သော ဘိန်းစက်ရုံများဖြစ်သည်။
တပ်မတော် သမိုင်းတွင် အကြီးမားဆုံးဘိန်းစစ်ဆင်ရေးမှာ မိုးဟိန်းစစ်ဆင်ရေး အဆင့်(၁)မှ
(၁၂)အထိဖြစ် သည်။ ရှမ်းပြည်နယ်အရှေ့မြောက်နှင့် အရှေ့ပိုင်းဒေသတွင် ၁၉၇၆ ခုနှစ်၊ ဧပြီလ
၂၆ မှ ၁၉၈၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်အထိဆင်နွှဲခဲ့ပြီး အဆိုပါ စစ်ဆင်ရေးတွင် တပ်မတော်မှ
၆၉ ဦးကျဆုံး၍ ၄၅၁ ဦး ဒဏ်ရာရရှိခဲ့သည်။ တပ်မတော်အနေဖြင့်
တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို ရှေးယခင်ကတည်းက
အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးထုတ်လုပ်၊ ဖြန့်ချိမှုများ
သည် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်ပတ်သက်မှုများရှိသဖြင့် မူးယစ် ဆေးဝါးနှိမ်နင်းရေးဆောင် ရွက်တိုင်း
တပ်မတော်သားများ စွန့်လွှတ်စွန့်စား ဆောင်ရွက်ရသည်ချည်းဖြစ် သည်။ ယခုကောင်းခါးဒေသတွင်
မူးယစ်ဆေးဝါး ဖော်ထုတ်၊ ဖမ်းဆီးရမိခဲ့သည့်စစ်ဆင်ရေးသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏
တိကျသောလမ်းညွှန်ချက်၊ အနီးကပ်ကြီးကြပ်သူ အရာရှိကြီးများ ၏ ဇွဲ၊ လုံ့လနှင့် ပါဝင်ဆောင်ရွက်ခဲ့သော
စစ်ဆင်ရေးတပ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၏ကြိုးပမ်းမှုကြောင့် မူးယစ်ဆေးဝါးတားဆီး
နှိမ်နင်းရေးသမိုင်း၌ ဖော်ထုတ်ရရှိသည့် မူးယစ်ဆေးဝါးတန်ဖိုးပမာဏ အများဆုံးဖြစ်ခဲ့သည်။
လူမှန်လျှင် အမှားနဲ့မကင်းကြပေ။ မမှားသောရှေ့နေ မသေသော ဆေးဆရာမရှိဆိုသည့် ဆိုရိုးစကားကိုကြားဖူးခဲ့သည်။ ကောင်းခါးဒေသသည် နဂိုကပင် အေးချမ်းသာယာခဲ့သည်။ မူးယစ်ဆေးဝါးများ အများအပြား သိမ်း ဆည်းရရှိခဲ့သောကြောင့် မကောင်းသတင်းရှိခဲ့သော်လည်း ဖြစ်ပြီးခဲ့သောအမှားကိုပြန်လည်ပြုပြင်ကာ အနာဂတ်တွင် တရားဝင်စီးပွားရေးလုပ်ငန်းများဖြင့်သာရပ်တည်ကာ အေးချမ်းတည်ငြိမ်စွာဖြင့်နယ်မြေ ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်သွားရန်ဆုံးဖြတ်လိုက်သည့် ကောင်းခါးပြည်သူ့စစ် ခေါင်းဆောင်များ၏ စိတ်ဓာတ်နှင့် သဘောထားကြီးစွာ နောင်တော်တစ်ဦး ကဲ့သို့စိတ်ထားဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှင့် မိသားစုများအတွက် ရိက္ခာ၊ နည်းပညာ၊ ငွေကြေးထောက်ပံ့မှုများဆောင်ရွက်ပေးမည့် တပ်မတော်ခေါင်းဆောင်များ၏ စိတ် ဓာတ်တို့မှာ လေးစားချီးကျူးဖွယ်ရာပင်ဖြစ်သည်။ အဆိုပါ ကောင်းခါးဒေသနှင့်ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည့် တာဝန် ရှိ သူများအနေဖြင့်လည်း နှစ်ဦးနှစ်ဖက်အကျိုးရှိပြီး ကောင်းခါးဒေသ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးနိုင်ကြသူများဖြစ်သည်။ ယခု ကောင်းခါးပြည်သူ့စစ် (ဌာ နေ)အဖွဲ့၏ဖြစ်စဉ်သည် အခြားသောအဖွဲ့များအတွက် လည်း သတိပြုဖွယ်ကိစ္စရပ်တစ်ခုဖြစ်သည်။ တပ်မတော်သည် တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူး ယစ်ဆေးဝါးကို အမျိုးသားရေးအန္တရာယ်တစ်ရပ်အသွင် ရှုမြင်၍ ခေတ်အဆက် ဆက် အသက်၊ သွေးချွေးတို့ပေးဆပ်လျက်တိုက်ဖျက်ခဲ့သည်။ နောင်တွင်လည်း နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကိုရှေးရှုလျက် တည်ဆဲ ဥပဒေများနှင့်အညီ ပြတ် ပြတ်သားသား ဆောင်ရွက်သွားဦးမည်ဖြစ်သည်။ ထို့ကြောင့် အဖွဲ့အစည်းများအနေဖြင့် မူးယစ်ဆေးဝါးကိစ္စရပ်များနှင့် ပတ်သက်ခြင်းမရှိဘဲ မိမိတို့အဖွဲ့အစည်း၊ မိမိတို့ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် တရားဝင်စီးပွား ရေးလုပ်ငန်းများဖြင့်သာ ရပ်တည် ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို သယ်ပိုးနိုင်ရေး တိုက်တွန်းရေးသားလိုက်ရပါတော့သည်။
